ဧရာဝတီတိုင်း တရားရေးကဏ္ဍ တည့်မတ်ရေး တိုင်းလွှတ်တော် ဆုံးဖြတ်ခဲ့

ဧရာဝတီတိုင်း တရားရေးကဏ္ဍ တည့်မတ်ရေး တိုင်းလွှတ်တော် ဆုံးဖြတ်ခဲ့

ပုသိမ်၊ ဖေဖော်ဝါရီ ၁၀ ။          ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားသူကြီးအချို့၏ အဂတိလိုက်စားမှု တိုက်ဖျက်၍ တရားရေးကဏ္ဍကို တာဝန်ရှိသူများမှ ထိန်းကျောင်းတည့်မတ်ရန် တိုင်းဒေသကြီးလွှတ်တော်က ဖေဖော်ဝါရီလ၁၀ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

"တရားတဲ့ဥပဒေတွေ ပြဌာန်းထားပေးမယ်။ အများပြည်သူလူထုအတွက်မှန်ကန်ထိရောက်စွာ အသုံးချနိုင်မှုမရှိရင် တရားဥပဒေစိုးမိုးဖို့ မဖြစ်နိုင်ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားလုံးအနေနဲ့   ကြွေးကြော်နေရမဲ့ သဘောတရားမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမယ်အရာများ ဖြစ်ပါတယ်။ ပြစ်ဒဏ်အရ ချမှတ် ထောင်ဒဏ် သို့မဟုတ်   ငွေဒဏ်များအပေါ်မှာလည်း အခွင့်အရေးရယူနေတာ မငြင်းနိုင်တဲ့အချက်တစ်ခုပါ။ တရားခံများ မိမိအမှုမြန်မြန်စစ်ပေးဖို့ စာရေးများလည်း ပေးရတယ်။ တရားရုံးများဟာ ဘက်လိုက်မှုနဲ့ အဂတိကင်းရှင်းပါတယ်လို ဘယ်သူအာမခံလဲ”ဟု ဖျာပုံမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇေယျမင်းသိန်းက တရားရုံးများတည့်မတ်နိုင်ရေးအတွက် လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အဆိုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် "တရားသူကြီးဆိုသည်မှာ ပြည်သူများအချင်းချင်းဖြစ်ပေါ်လာသော ကြီးသည့်အမှုငယ်အောင် သမာသမတ်ကျကျ ဘက်လိုက်မှုကင်းပြီး တရားဓမ္မကို ကိုယ်နဲ့ယှဉ်ပြီး လောဘ၊ ဒေါသ၊ မောဟ အတ္တကြီးသူများကို တရားဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ပြုပြင်ပေးတဲ့ကိစ္စရပ်များ တာဝန်ယူ ဆောင်ရွက်ပေးရသလို တရားသောလုပ်ငန်းကို ဆောင်ရွက်နေရသည့် ဂျုရီလူကြီးများဖြစ်ကာ သာမန် စီးပွားရေးလုပ်ငန်းလို အကျိုးစီးပွားရှာဆောင်ရွက်ရမည့်လုပ်ငန်းမဟုတ်ကြောင်း အများပြည်သူက မှတ်ယူထားပါကြောင်း” ညောင်တုန်းကိုယ်စားလှယ် ဦးကျော်ဆန်းက တရားရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီး ဆွေးနွေးသည်။

တရားစီရင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တာတွေပြင်ဆင်ပေးပါတယ် အဆိုပါပတ်သက် တာဝန်ရှိသူများဖြစ်တယ် တိုင်းဒေသကြီးတရားလွှတ်တော်က တိုင်းအတွင်းမှာရှိတယ် တရားရုံးများကို ထိန်းကျောင်းခြင်း ကြီးကြပ်တည့်မတ်သွားမည်ဟု တရားသူကြီးချုပ်က ပြောသည်။

မြောင်းမြမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး က"ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများကို တိုက်ဖျက်၍ မှန်မှန်ကန်ကန် စီရင်ချက်ချမှတ်စီရင်နိုင်ပါရန်နှင့် တရားရေးကဏ္ဍကို တာဝန်ရှိသူများမှ ထိန်းကျောင်းတည့်မတ်ပေးပါရန် တိုက်တွန်းကြောင်း ” အဆိုအား ဖေဖော်ဝါရီလ၂ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည်။

အဆိုအား တိုင်းဒေသကြီးကိုယ်စားလှယ် ၉ဦးက တရားစီရင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်တွင်ဆွေးနွေးခဲ့ကာ အဆိုအား လွှတ်တော်က ကန့်ကွက်သူမရှိသဘောတူ ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required