၁၅ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်၊သစ်သီးဝလံပန်းမန်ပြပွဲနှင့် ပြိုင်ပွဲ

၁၅ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်၊သစ်သီးဝလံပန်းမန်ပြပွဲနှင့် ပြိုင်ပွဲ

မန္တလေး၊ ဖေဖော်ဝါရီ ၁၀ ။             ။ ၁၅ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကို မန္တလေးကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည်။

Green City ဖြစ်မြောက်ရေး၊ မြို့တွင်းရှိ ပြည်သူများ အပန်းဖြေနိုင်စေရေးနှင့် စိုက်ပျိုးရေး၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။

ပွဲတွင် သစ်သီးဝလံပန်းမန် အမျိုးအစား၂၃ မျိုး ပါဝင်ပြသသွားမည်ဖြစ်ပြီး ပန်းအလှပြိုင်ပွဲ၊ အရွက်အလှပြိုင်ပွဲ၊ သစ်ခွပြိုင်ပွဲ နှင့် ဟင်းသီးဟင်းရွက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

'' ဒီနှစ် ပြိုင်တဲ့ အရေအတွက် ၇၄၄ ရှိပါတယ်။ မန္တလေး၊ ရန်ကုန်၊ မကွေး၊ ရှမ်းတို့ ဖက်က လာပြိုင်ကြတယ်။ ညပိုင်း နောက်ဆုံး စာရင်းပိတ်ချိန်ပြီးတာနဲ့ ဒိုင်အဖွဲ့ ၈ ဖွဲ့နဲ့ သတ်မှတ်စည်းမျဉ်း စည်းကမ်းစံနှုန်းတွေနဲ့အညီ စစ်ဆေးအမှတ်ပေးပြီး ဒီနေ့ဆုချီးမြှင့်ပွဲ ကျင်းပတာပါ '' ဟု မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိူးရေးဦးစီးဌာန ဦးစီးမှူး ဦးချစ်မောင် က ပြောသည်။

အဆိုပါ ပြပွဲ နှင့် ပြိုင်ပွဲတွင် ဌာနဆိုင်ရာ ပြခန်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းပြခန်းများ၊ မိုးလေဝသနှင့်ဇလဗေဒ နှင့် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန ပြခန်း အပါအဝင် စုစုပေါင်း ၁၈ ခန်း ပြသထားပြီး အတွင်းပိုင်းတွင် ပန်းပျိုးပင်အရောင်းဆိုင်များ၊ အလှမွေးငါး အရောင်းပြခန်းများလည်း ပြသထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့လည်တွင် အဆိုပါဝင်းအတွင်းရှိ ခန်းမတွင် ဆုရရှိသူများအားပထမဆုကို ကျပ်တစ်သိန်းခွဲ၊ ဒုတိယဆုကို ကျပ်တစ်သိန်း၊ တတိယဆုကို ကျပ်ခုနှစ်သောင်း နှင့် နှစ်သိမ့်ဆုကို ကျပ်သုံးသောင်း အသီးသီး ချီးမြင့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required