ငွေတွေများများစုနိုင်ဖို့ သေချာစဉ်းစား ဆုံးဖြတ်စို့

ငွေတွေများများစုနိုင်ဖို့ သေချာစဉ်းစား ဆုံးဖြတ်စို့

ကျွန်တော်တို့မှာ လိုချင်တာတွေ လိုအပ်တာတွေ ရှိပါတယ်။ တကယ်လိုအပ်သလား မလိုအပ်ဘူးလား စဉ်းစားဖို့ လိုပါတယ်။  ငွေကို သုံးမယ်ဆိုရင် သေချာစဉ်းစားပြီးမှ သုံးပါ။

မဖြစ်မနေဝယ်ရတော့မယ်ဆိုရင် အတန်ဆုံးဈေးနဲ့ ဝယ်နိုင်ဖို့ ကြိုးစားပါ။ ဈေးနှုန်းတွေက တစ်ဆိုင်ကိုတစ်မျိုးမို့ ဒီပစ္စည်းလေး တစ်မျိုးတည်းကို အချိန်ပေးပြီး ဆိုင်တွေ စုံအောင် ကြည့်လိုက်ရင်တော့ သင့်ရဲ့ ငွေနဲ့ တကယ် တကယ်တန်တဲ့ ဈေးနဲ့ ရပါလိမ့်မယ်။

အာရုံမများမိအောင်တော့ ကြိုးစားပါ။ အာရုံများပြီး သဘောကျစရာလေးတွေ မြင်တော့ ကြည့်မိတဲ့ အခါ လိုတာထက်ပိုသုံးလိုက်တော့ ပိုက်ဆံတွေ မြန်မြန် ကုန်သွားပါလိမ့်မယ်။ ဒါကြောင့် ပစ္စည်းတစ်ခုကို ဝယ်မယ်ဆိုရင် လိုချင်တာလား လိုအပ်တာလား စဉ်းစားပြီး ဝယ်ပါ။ ဒါဆိုရင်တော့ သင်ငွေစုလို့ ရနိုင်ပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly