နေတိုးတွင် ထဲထဲဝင်ဝင်ပါဝင်မည်ဟု ဒေါ်နယ်ထရမ့်ပြော

နေတိုးတွင် ထဲထဲဝင်ဝင်ပါဝင်မည်ဟု ဒေါ်နယ်ထရမ့်ပြော

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၈ ။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်သွားမယ်လို့ ပြောလာပါတယ်။

အိုင်အက်စ်ကို တိုက်ခိုက်ရေး စပိန်ဝန်ကြီးချုပ်မာရီယာနိုရာဂျိုင်းနဲ့ ဖုန်းပြောဆိုဆွေးနွေးရာမှာ ထရမ့်က ယခုလို ပြောခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်တာဖြစ်ပါတယ်။

ဆယ့်ငါးမိနစ်ကြာ နှစ်ဦးဖုန်းပြောဆိုမှုမှာ အပြန်အလှန်အကျိုးစီးပွားတွေနဲ့ စပ်လျဉ်းပြီး နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးခိုင်မြဲရေးကို အာမခံပြု ပြောကြားခဲ့ကြပါတယ်။

အိုင်အက်စ်ချေမှုန်းရေးအပါအဝင် ဦးစားပေးကိစ္စရပ်တွေအပေါ် ဖုန်းကတစ်ဆင့် ဒေါ်နယ်ထရမ့်နဲ့ မာရီယာနိုရာဂျိုင်းတို့က အမြင်သဘောထားဖလှယ်ကာ ဆွေးနွေးပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေတိုးအဖွဲ့က ခေတ်မမီတော့ဘူးလို့ ယခင်ပြောဆိုထားဖူးတဲ့ ထရမ့်က စပိန်ဝန်ကြိးချုပ်နဲ့ ဖုန်းပြောဆိုမှုမှာ အမေရိကန်အနေနဲ့ နေတိုးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်မယ့်အကြောင်းကို အတည်ပြုပြောပါတယ်။ ဒါ့အပြင် ကာကွယ်ရေးအသုံးစရိတ် ဝန်ထုပ်ဝန်ပိုး မျှဝေကျခံရေးက နေတိုးမဟာမိတ်အားလုံးအတွက် အရေးကြီးကြောင်းကိုလည်း ထရမ့်က အလေးထားပြောဆိုခဲ့ပါတယ်။

စပိန်အစိုးရထုတ်ပြန်ချက်မှာတော့ အမေရိကန်အစိုးရသစ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်ထွန်းမှုကို လိုလားကြောင်း ဝန်ကြီးချုပ်ရာဂျိုင်းက ပြောဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ ထရမ့်အနေနဲ့ စပိန်စီးပွားရေးရဲ့ လက်ရှိအခြေအနေကို အတော်စိတ်ဝင်စားမှုရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly