အသက်ရှည်ကျန်းမာနေခြင်းရဲ့ လျို့ဝှက်ချက်တွေ ဝေမျှပေးသွားတဲ့ ကမ္ဘာ့ အသက်အကြီးဆုံးသော ယောဂ ဆရာမကြီး

အသက်ရှည်ကျန်းမာနေခြင်းရဲ့ လျို့ဝှက်ချက်တွေ ဝေမျှပေးသွားတဲ့ ကမ္ဘာ့ အသက်အကြီးဆုံးသော ယောဂ ဆရာမကြီး

အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ Tao Porchon-Lynch ဟာ ကမ္ဘာပေါ်က အသက်ကြီးဆုံးသော ယောဂ နည်းပြဆရာမကြီး တစ်ဦးဖြစ်သလို ဆုရ စာရေးဆရာမကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ ခုချိန်ထိလည်း တစ်ပတ်ကို ယောဂ အတန်း ငါးချိန် သင်ကြားပြသပေးနေဆဲဖြစ်ပါတယ်။ မော်ဒယ်နဲ့ ဟောလိဝုဒ် မင်းသမီးဟောင်းဖြစ်တဲ့ သူမဟာ ယခုထက်ထိ သန်စွမ်းကျန်းမာပြီး သေးသွယ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

အများက Tao လို့ ခေါ်ကြတဲ့ သူမဟာ အိန္ဒိယမှာ ကြီးပြင်းခဲ့ပြီး နယူးယောက်မှာ နေထိုင်ကာ ကမ္ဘာတစ်ဝန်း လှည့်လည်သွားလာပြီး ယောဂ ကျင့်စဉ်တွေကို လိုက်စားခဲ့သူဖြစ်ပါတယ်။ ယခုလို သူမ အသက်ရှည် ကျန်းမာသန်းစွမ်း နေနိုင်ရခြင်းရဲ့ လျို့ဝှက်ချက်တွေကို ယခုလို ထုတ်ဖော် ဝေမျှသွားခဲ့ပါတယ်။

"ကျွန်မကို ဘယ်သူမှ မှီမှာ မဟုတ်ပါဘူး၊ ခုထက်ထိ ကမ္ဘာပေါ်မှာ ယောဂ ကျင့်ရင်းနဲ့ နေထိုင်နေတဲ့ အသက်ကြီးဆုံးတစ်ယောက် ဖြစ်နေလို့ပါ" လို့ သူမက ရယ်မောရင်း ပြောပါတယ်။ "မနက် အိပ်ယာထတိုင်း တွေးမိတာ တစ်ခုပဲရှိပါတယ်၊ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အရာအားလုံး အကောင်အထည် ပေါ်လာမယ်ဆိုတာပါပဲ" လို့ သူမက  ဆိုပါတယ်။

" နောက်ပြီးတော့ ဘယ်တော့မှာ အချိန်မဆွဲနဲ့၊ မနက်ဖြန်မှပဲ လုပ်မယ်လို့ ဘယ်တော့မှ မပြောမိကြပါစေနဲ့၊ မနက်ဖြန်ဆိုတာ မသေချာပါဘူး၊ ညသန်းခေါင်ထက် တစ်မိနစ်ကျော်သွားတာနဲ့ ဒီနေ့ဆိုတာ ပြီးဆုံးသွားတာပါပဲ" လို့ ဆိုပါတယ်။

အစားအစာပိုင်းနဲ့ ပတ်သက်လို့လည်း "ကျွန်မ သစ်သီး ဖျော်ရည်သောက်တယ်၊ တကယ်တမ်းဆိုရင် နေ့တိုင်း ဂရိပ်ဖရုသီး တစ်ဝက် ပုံမှန်စားတယ်၊ ဖျော်ရည်သောက်တယ်၊ ဒါပေမယ့် အစားအသောက်စားဖို့ ကျွန်မ ဘယ်တော့မှသိပ်ပြီး အလွန်အကျွံ အလေးမထားတတ်ပါဘူး၊ စားရဦးမယ်လို့ ကျွန်မသတိရမိရင် အထက်ကပြောတဲ့ဟာတွေ စားသောက်ပါတယ်" လို့ ဆိုပါတယ်။

" ဂန္ဓီ ပြောဖူးတာရှိပါတယ်၊ ယောကျာ်းတွေမှာ အံ့မခန်းတဲ့ စိတ်ကူးဉာဏ်တွေ ရှိတတ်ကြတယ်တဲ့၊ ဒါပေမယ့်လည်း အဲဒီစိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်တာက မိန်းမတွေပါပဲတဲ့ သူအမြဲတမ်းပြောတာရှိခဲ့ပါတယ်၊ 'အတူတကွ နေထိုင်ကြပါ၊ အရာအားလုံးကို ဝေမျှကြပါ' " လို့ ပေ့ါဆိုပြီး Tao က ပြောသွားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required