3D Printing နည်းပညာကနေ အကျိုးကျေးဇူးတွေ ခံစားနေကြရပြီဖြစ်တဲ့ မြန်မာတောင်သူများ

08 February 2017
3D Printing နည်းပညာကနေ အကျိုးကျေးဇူးတွေ ခံစားနေကြရပြီဖြစ်တဲ့ မြန်မာတောင်သူများ

မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အချာ ရန်ကုန်မြို့ရဲ့ တောင်ဘက်ပိုင်း တစ်နေရာမှာတော့ 3D printing လို့ခေါ်တဲ့ အဆင့်မြင့် နည်းပညာကို သုံးပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝတွေကို တိုးတက်ပြောင်းလဲစေမယ့် လုပ်ငန်းသုံး အစိတ်အပိုင်း ပစ္စည်းတွေကို ဒီဇိုင်းဖော်ထုတ် နေပြီ ဖြစ်ပါတယ်။

ယခင် စစ်အစိုးရလက်ထက် ဆယ်စုနှစ်ငါးစုလောက်အတွင်း နိုင်ငံရဲ့  ထုတ်လုပ်မှု ကဏ္ဍမှာတော့ လယ်သမားတွေအနေနဲ့ ယင်းတို့ရဲ့ လုပ်ငန်းတွေမှာ ကိုယ်တိုင်လက်လုပ် ကိရိယာ တန်ဆာပလာတွေ ဒါမှမဟုတ် လုပ်ငန်းနဲ့ ကိုက်ညီသင့်တော်မှု သိပ်မရှိတဲ့ သွင်းကုန်ပစ္စည်းတွေနဲ့ပဲ ဖြစ်သလို လုပ်ခဲ့ကြရပါတယ်။

ကိရိယာ အစိတ်အပိုင်း ပစ္စည်း ရှားပါးမှုကြောင့်လည်း လယ်သမားတွေ အတွက်ကတော့ သဘာဝဘေးအန္တရာယ် ကျရောက်လွယ်တဲ့ နိုင်ငံမှာ သီးနှံတွေ စိုက်ပျိုးမှုပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ ရန်ကုန်မြို့စွန် နေရာတစ်နေရာမှာတော့ အပြောင်းအလဲတွေ စဖြစ်နေခဲ့ပါပြီ။ စိုက်ပျိုးရေး လုပ်ငန်းတွေကို လက်တွေ့လုပ်ဆောင်နေကြတဲ့ တောင်သူတွေနဲ့ အနီးကပ် တိုင်ပင်ပြီးတော့ လုပ်ငန်းနဲ့ အထူးသင့်တော် ကိုက်ညီမယ့် ကိရိယာ တန်ဆာပလာတွေကို ဒီဇိုင်းဖန်တီး ထုတ်လုပ်တဲ့ နေရာမှာ 3D printing နည်းပညာကို သုံးနေပြီပဲဖြစ်ပါတယ်။

" တောင်သူတွေ အဆင်ပြေပြေသုံးနိုင်မယ့်အရာတွေကို ကျွန်တော်တို့ ထုတ်လုပ် ဖန်တီးပေးချင်ပါတယ်" လို့ ထုတ်ကုန်ဒီဇိုင်နာ Taiei Harimoto က ပြောပါတယ်။

ရန်ကုန်မြို့ကနေ မိုင် ၇၀ ကွာက ဧကဝက်ရှိမယ့် မြေကွက်အတွင်း ကွမ်းစိုက်တောင်သူ ဦးကျော်ဝင်းရဲ့ ဘဝဟာလည်း ယခုအခါ ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လအကြာက သူ တပ်ဆင်ခဲ့တဲ့ 3D printer နဲ့ ဒီဇိုင်းဖန်တီးထားတဲ့ ရေဖျန်းပိုက် စနစ်ကြောင့် သူ့ရဲ့ စိုက်ပျိုးရေး လုပ်ငန်းဟာလည်း တိုးတက် ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။

" ဒီ ကိရိယာတွေ တပ်ဆင် အသုံးပြုလိုက်တဲ့အတွက် ကျွန်တော်တို့ တစ်နေ့တစ်နေ့ အလုပ်လုပ်ရတဲ့ အချိန်ကို တစ်ဝက်လောက် သက်သာသွားခဲ့ပါတယ်၊ အရင်က ကျွန်တော်တို့ သုံးခဲ့ရတဲ့ ပမာဏရဲ့ ထက်ဝက်လောက် ကုန်ကျစရိတ်ပိုင်းမှာ ကျွန်တော်တို့ လျှော့ချနိုင်ခဲ့ပါပြီ " လို့ အသက် ၆၀ အရွယ် အဆိုပါတောင်သူက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required