သခင်ဖိုးလှကြီး၊ ဆရာစံရုပ်ထုကြီးများ စိုက်ထူထားရာ ရုပ်ထုနှင့် ကုန်းမြေသန့်ရှင်းရေး ပြုလုပ်

သခင်ဖိုးလှကြီး၊ ဆရာစံရုပ်ထုကြီးများ စိုက်ထူထားရာ ရုပ်ထုနှင့် ကုန်းမြေသန့်ရှင်းရေး ပြုလုပ်

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အုန်းတွဲကျေးရွာအုပ်စု ယင်းချောင်းတံတားထိတ်ရှိ သခင်ဖိုးလှကြီး၊ဆရာစံရုပ်ထုကြီးများ စိုက်ထူထားရာ  ပထမအဆင့်အနေဖြင့် ရုပ်ထုနှင့် ကုန်းမြေသန့်ရှင်းရေးအား ယနေ့ဖေဖော်ဝါရီ(၈) ရက်နေ့ နံနက်ပိုင်း မှ စတင်ပြုလုပ်လျက်ရှိသည်။

အဓိက ရည်ရွယ်ချက်မှာ အများပြည်သူခရီးသွားများအတွက် အပန်းဖြေ နားနေစရာ အညာမြေဒေသ၏ အငွေ့အသက်များကို ခံစားနိင်စရာ နေရာတစ်ခုအဖြစ် ဖန်တီးသွားရန် ရည်ရွယ်ကြောင်း တိုင်းဒေသကြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

“ကျွန်တော်တို့ ပထမအဆင့်အနေနဲ့ ရုပ်ထုနဲ့ ရုပ်ထုရင်ပြင်ကို သန့်ရှင်းရေး ပြုလုပ်တယ်။ အလုပ်သမား လယ်သမားတွေရဲ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ စိုက်ထူထားတဲ့ ဆရာစံနဲ့ သခင်ဖိုးလှကြီး ရုပ်ထုတွေကို သမိုင်းတန်ဘိုး ယုတ်လျော့မသွားစေဘဲ၊ မူလလက်ရာတွေကို ထိခိုက်မခံဘဲနဲ့ ပြုပြင်မွမ်းမံမှုလုပ်မယ်။ အလုပ်သမား လယ်သမားထုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ တိုင်းပြည်လွတ်လပ်ရေးမှာ လယ်သမား အရေးတော်ပုံ၊ အလုပ်သမားအရေးတော်ပုံတွေဟာ လွတ်လပ်ရေးရအောင်အတွက် လွတ်လပ်ရေး လမ်ကြောင်းအပေါ်  တင်ပေးနိင်တဲ့ ၊ လူထုကို စည်းလုံးညီညွတ်မှုရအောင် ဆောင်ရွက်နိင်ခဲ့တယ်။ ဒါကြောင့်မလို့ သည်ကျေးဇူးတရားတွေကို ကျေးဇူးဆပ်ရာရောက်အောင်လို့ အခုလို ပြန်လည် ပြုပြင်မွမ်းမံရတာပါဟု တိုင်းဒေသကြီး ၊ အလုပ်သမား လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်က မဇ္ဈိမသို့ ပြောသည်။

ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှုအရ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊    မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဆောက်လုပ်ရေး လမ်းတံတားဦးစီးဌာနအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အုန်းတွဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအပါအဝင်ဒေသခံ ပြည်သူလူထုများပါဝင် စုပေါင်း သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အခုအရပ်သား အစိုးရအဖွဲ့က အလုပ်သမား လယ်သမား ခေါင်းဆောင်ကြီးတွေကို အသိအမှတ်ပြုပြီး အများပြည်သူ ဂါရဝ ပြုနိင်ဖို့ အများပြည်သူ တန်ဖိုးထားနိင်ဖို့ သမိုင်းဆိုင်ရာ တန်ဖိုးတွေကို မမေ့ မလျော့ဖို့အတွက် ဒါကို မူလလက်ရာ မပျက်စေဘဲ ပြန်လည်ပြုပြင်မွမ်းမံတာ အင်မတန် ဂုဏ်ယူပါတယ်” ဟု အုန်းတွဲကျေးရွာအုပ်စု ယင်းချောင်းတားအနီးနေ ပြည်သူတစ်ဦးကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly