အော်စကာဆုပေးပွဲအား စီစဉ်သူများမှ အနုပညာလွတ်လပ်ခွင့်အတွက် တောင်းဆိုကြ

အော်စကာဆုပေးပွဲအား စီစဉ်သူများမှ အနုပညာလွတ်လပ်ခွင့်အတွက် တောင်းဆိုကြ

အော်စကာဆုပေးပွဲ စီစဉ်သည့် အဖွဲ့အစည်း၏ ထိပ်သီးပိုင်းက ပြီးခဲ့သော တနင်္လာနေ့၌ ကွဲပြားခြားနားမှုနှင့် လွတ်လပ်စွာဖော်ပြနိုင်ခွင့်အတွက် တောင်းဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝန်းမှ အနုပညာ ရှင်များ၏လမ်းကြောင်းထဲသို့ အတားအဆီးများကို ချမထားသင့်ကြောင်းပြောခဲ့သည်။

လှုပ်ရှားမှုဓာတ်ပုံနှင့်သိပ္ပံအကယ်ဒမီ၏ ဥက္ကဌဖြစ်သူရှာလီဘွန်နီအိုင်းဆိုက်က အော်စကာဆုအတွက်လျာထား ခြင်းခံရသောမင်းသားများနှင့် ရုပ်ရှင်ဖန်တီးသူ စုစုပေါင်း ၁၆၅ဦးအား ယနေ့ကမ္ဘာတွင် အနုပညာလွတ်လပ်ခွင့် အတွက်ရုန်းကန်နေရပြီး ၁၉၅၀ခုနှစ်များက ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် အမည်ပျက်စာရင်းသွင်းခံခဲ့ရသော အချိန်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အရေးတကြီး အခြေအနေသို့ ပိုမိုရောက်ရှိလာပြီဖြစ်ကြောင်း ပြောခဲ့သည်။

ဆုအတွက်လျာခြင်းခံရသည့် အနုပညာရှင်များအား ဘီဗာလီဟေးလ်၌ မိန့်ခွန်းပြောကြားစဉ်တွင် အိုင်းဆက်က အခန်းထဲမှာရှိသော ခုံအလွတ်တွေဟာ ရောက်မလာနိုင်သော အနုပညာရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ခုံတွေဖြစ် ပါတယ်ဟု ပြောခဲ့သည်။

The Salesman ဇာတ်ကားဖြင့် နိုင်ငံခြားဘာသာစကားပြော အကောင်းဆုံးရုပ်ရှင်ဆုအတွက် လျာထားခံရသော အီရန်ဒါရိုက်တာဖာဟာဒီနှင့် မင်းသမီးတာရာနာအလီဒွတ်စ်တီတို့သည် ဒေါ်နယ်ထရမ့်၏ မွတ်စလင်အများစုနေ ထိုင်ရာနိုင်ငံမှသူများအား ခရီးသွားလာခွင့် ပိတ်ပင်သည့် အမိန့်ကိုဆန့်ကျင်သည့်အနေဖြင့် အကယ်ဒမီဆုပေးပွဲ အားသပိတ်မှောက်ခဲ့ကြသည်။

ဆီးရီးယားပြည်သူများအား ကယ်တင်သည့် စေတနာ့ဝန်ထမ်းများအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားသည့် သူများသည်လည်း အော်စကာဆုအတွက် လျာထားခြင်းခံရသော်လည်း   လော့စ်အိန်ဂျယ်လိစ်သို့ အရောက်လာခဲ့ ရန်အတွက် အခက်အခဲများ ရင်ဆိုင်နေရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly