အိုင်အက်စ် ဆန့်ကျင်ရေး စီးနင်းဖမ်းဆီးမှု၌ လူပေါင်း ရ၅၀ကျော်အား တူရကီ ဖမ်းဆီးထိန်းသိမ်း

အိုင်အက်စ် ဆန့်ကျင်ရေး စီးနင်းဖမ်းဆီးမှု၌ လူပေါင်း ရ၅၀ကျော်အား တူရကီ ဖမ်းဆီးထိန်းသိမ်း

ဖေဖေါ်ဝါရီ ၆ ။            ။ တူရကီလုံခြုံရေး တပ်ဖွဲ့များသည် အစ္စလာမ်အစွန်းရောက်အဖွဲ့အိုင်အက်စ်တို့နှင့် ပက်သက်မှု ရှိသည်ဟု သံသယ ရှိရသော လူပေါင်း ၇၅၀ကျော်အား ဖမ်းဆီးထိန်းသိမ်းထားပြီး အဆိုပါ ဖြစ်ရပ်သည် အိုင်အက်စ်တို့အားတူရကီ၌ အကြီးမားဆုံး ထိရောက်စွာ နှိမ်နင်းမှုဖြစ်ကြောင်း နိုင်ငံတော်သတင်းဌာနမှ ယနေ့တနင်္လာနေ့တွင် ပြောခဲ့သည်။

ဖမ်းဆီးထားသောသူများထဲမှ သံသယရှိရသူ ၄၅၀ဦးအား ပြီးခဲ့သောတနင်္ဂနွေနေ့၌တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ပြုလုပ်ခဲ့သော ဖမ်းဆီးနှိမ်နင်းမှုပထမအဆင့်တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး အဆိုပါအရေအတွက်သည် ယခုအချိန်၌ ၇၆၃ယောက်အထိမြင့်တက်လာခဲ့ကြောင်း အန်နာဒိုလူသတင်းဌာနမှပြောခဲ့သည်။

အဆိုပါစီးနင်းဖမ်းဆီးမှုသည် တူရကီနိုင်ငံရှိခရိုင် ၈၁ ခုမှ ၂၉ ထဲတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အချက်အလက်များ၊ လက်နက်များနှင့်ခဲယမ်းမီးကျောက်များကိုသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နှစ်သစ်ကူးအကြိုညတွင် အီစတန်ဘူလ်ရှိနိုက်ကလပ်တစ်ခုအတွင်းသို့သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ် ခတ်ခဲ့မှုကြောင့် နိုင်ငံခြားသူအများစုအပါအဝင်လူပေါင်း ၃၉ဦးအသတ်ခံခဲ့ရသည်။ အဆိုပါအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား အိုင်အက်စ်တို့က၎င်းတို့လက်ချက်ဖြစ်သည်ဟုအတည်ပြုခဲ့ပြီး ၂၀၁၆ခုနှစ်အတွင်းတူရကီတို့က ၎င်းတို့၏ နယ်မြေများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့သောကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည် ဟုပြောခဲ့သည်။

တူရကီရဲများသည်ပြီးခဲ့သောနှစ်အနည်းငယ်အတွင်းက အိုင်အက်စ်ဟုသံသယရှိရသူများအား ရုတ်တရက်စီးနင်း ဖမ်းဆီးမှုများပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ပြုလုပ်ခြင်းသည် မကြုံစဖူး ကိစ္စရပ် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags