"မန္တလေးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် ကယ်ရီကေးချားပြပွဲ ပြုလုပ်မည်"

"မန္တလေးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် ကယ်ရီကေးချားပြပွဲ ပြုလုပ်မည်"

မန္တလေး၊ဖေဖော်ဝါရီ ၅။          ။ ကာတွန်းဟန်ထွေးနိုင်မှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရအဖြစ် ကယ်ရီကေးချားပြပွဲကို ပထမဆုံးအနေဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ အမှတ်(၄/၁၇)၊အနုပညာလမ်း၊ မင်္ဂလာမန္တလေးရှိ သီရိ ပန်းချီအနုပညာပြခန်းတွင်   ပြုလုပ်သွားမည်ဟု ကာတွန်းဟန်ထွေးနိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါပြပွဲတွင် ကယ်ရီကေးချားပုံ ၄၅ ပုံပြသမှာဖြစ်ပြီး ပုံသေးတစ်ပုံကို ၄၀၀၀၀ကျပ်နှင့် ပုံကြီးတစ်ပုံကို ၇၀၀၀၀ကျပ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်တစ်ချို့ကို ကာတွန်းဆရာများ လူမှုကူညီရေးအသင်းသို့ လှူဒါန်းသွားမည်ဟု ကာတွန်းဟန်ထွေးနိုင်က ဆိုသည်။

ပြပွဲပြုလုပ်နိုင်ရန်အတွက် အချိန်သုံးလကျော်စီစဉ်ခဲ့ရပြီး မျိုးဆက်သစ် လူငယ်များအနေဖြင့် ကယ်ရီကေးချားရေးဆွဲခြင်းကို စိတ်ဝင်စားမှု မြင့်တက်လာစေရန် ရည်ရွယ်၍ ပြပွဲကိုပြုလုပ်ခြင်းလည်း   ဖြစ်သည်ဟု ကာတွန်းဟန်ထွေးနိုင်က ပြောသည်။

ပြပွဲနေ့တွင် လာရောက်ကြည့်ရှု့သူများကို ကာတွန်းဆရာများစုပေါင်း၍ ကယ်ရီကေးချားပုံများ ရေးဆွဲပေးကြမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required