ဘာစီလိုနာအသင်းတွင် ဖရီးကစ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မက်ဆီ စံချိန်သစ်တင်

ဘာစီလိုနာအသင်းတွင် ဖရီးကစ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မက်ဆီ စံချိန်သစ်တင်

ဖေဖော်ဝါရီ ၅၊ စပိန် ။             ။ ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မက်ဆီသည် ပြစ်ဒဏ်ဘောမှ သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့်အတွက် ဘာစီလိုနာအသင်း၏ သမိုင်းတွင် ဖရီးကစ်မှ ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။

ထိုပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးများကို အယ်လ်ကာဆာ၊ မက်ဆီနှင့် ဗီဒယ်တို့က သွင်းယူပေးခဲ့ကြသည်။

မက်ဆီသည် ဘာစီလိုနာနောက်ခံကစားသမားဟောင်း ရော်နယ်ကိုးလ်မန်း၏ ဖရီးကစ်ဂိုးသွင်းအများဆုံးစံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ကိုးလ်မန်းမှာ ဖရီးကစ်မှ သွင်းဂိုး ၂၆ ဂိုးအထိသွင်းယူထားနိုင်ပြီး ယခုမက်ဆီသွင်းယူသောဂိုးမှာ ၎င်း၏ ၂၇ ဂိုးမြောက် ဖရီးကစ်သွင်းဂိုးဖြစ်သည်။

လက်ရှိတွင် အဲဗာတန်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရော်နယ်ကိုးလ်မန်းက ၎င်း၏စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည့် မက်ဆီအတွက် ဂုဏ်ယူကြောင်း လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ချီးကျူးရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required