လူမှုကွန်ယက်များမှ ဘောလုံးပွဲများတိုက်ရိုက်ထုတ်လွှင့် သည့် ပရိသတ်များကို ပရီးမီးယားလိဂ်အရေးယူမည်

လူမှုကွန်ယက်များမှ ဘောလုံးပွဲများတိုက်ရိုက်ထုတ်လွှင့် သည့် ပရိသတ်များကို ပရီးမီးယားလိဂ်အရေးယူမည်

ဇန်နဝါရီ ၅၊ အင်္ဂလန် ။           ။ ပရီးမီးယားလိဂ်တာဝန်ရှိသူ များသည ်Twitter, Facebook, Youtube စသည့် လူမှုကွန်ယက် များမှ ပရိသတ်များအနေဖြင့် ဘောလုံးပွဲများ တရားမဝင်တိုက် ရိုက်ထုတ်လွှင့်မှုကို အရေးယူ သွားမည်ဖြစ်သည်ဟု ဆိုခဲ့သည်။

ပြီးခဲ့သည့် ပဲလေ့စ်(ဝ-၄) မန်စီးတီးပွဲစဉ်တွင် ချိန်ဘာဆို သည့်ပရိသတ်တစ်ဦးသည် စမတ် ဖုန်းဖြင့်ရိုက်ကာ Twitterမှထုတ်လုပ်ထားသည့် Periscope App မှ ယင်းပွဲကို တိုက်ရိုက်ထုတ် လွှင့်ခဲ့ရာ ကြည့်ရှုသူပေါင်း(၁၃၉ç၀၀၀)အထိ ရှိခဲ့သည်။ ထိုကဲ့သို့ ကွင်းအတွင်းလာရောက်ကြည့်ရှု သည့် ပရိသတ်များအနေဖြင့် ဘောလုံးပွဲများကို တိုက်ရိုက် ထုတ်လွှင့်ခြင်းသည် စပွန်ဆာ ပေးပြီး ထုတ်လွှင့်ခွင့်ဝယ်ယူထားသည့် ကုမ္ပဏီများအတွက် များစွာနစ်နာစေသည့်အတွက် ယင်း ကိစ္စကိုတားဆီးရန် ပရီးမီးယား လိဂ်အာဏာပိုင်များက စီစဉ်လာ ခြင်းဖြစ်သည်။

သို့ရာတွင် ပရီးမီးယားလိဂ် အာဏာပိုင်များ၏ အရေးယူမည့် ကိစ္စနှင့်ပတ်သက်ပြီး လုံးဝဂရုမ စိုက်ကြောင်း ချိန်ဘာက ပြောဆို ခဲ့သည်။

မန်စီးတီးပရိသတ် ချိန်ဘာက `ဒီပွဲကို ကျွန်တော်နဲ့အ တူ ကျွန်တော့်ရဲ့အဖေလာမကြည့် နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူကြည့် နိုင်အောင် ကျွန်တော်ကြိုးစားခဲ့ တာပါ။ ဒီပွဲကို စမတ်ဖုန်းနဲ့ရိုက် ပြီး Periscope App ကနေ တိုက် ရိုက်ထုတ်လွှင့်ခဲ့တာပါ။ ဒီလိုမျိုး ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး ဘယ် လိုဥပဒေရှိတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဒါမျိုးလုပ်လို့ ဒုက္ခရောက်မှာကို ကျွန်တော်မစိုးရိမ်ပါဘူး။ တကယ်လို့ ကျွန်တော့်ရဲ့ ထုတ်လွှင့် မှုကို ကြည့်ချင်တဲ့လူတွေရှိနေ မယ်ဆိုရင်လည်း ကျွန်တော့်အ နေနဲ့ ထပ်လုပ်သွားမှာပါ´ဟု ဆို ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required