သင့်ကားအတွင်းမှာ ရှိနေချိန်မှာဆိုရင် ဤဘေးကင်းရေးအဆင့်များကို လိုက်နာလုပ်ဆောင်ပြီး အသက်တွေကို ကယ်တင်လိုက်ပါ။ ကိန်းဂဏန်းများက မလိမ်ညာပါဘူး။ ထိုင်ခုံခါးပတ်များက အသက်များကို ကယ်တင်ပါတယ်။ လူတိုင်းလူတိုင်းဟာ ထိုင်ခုံခါးပတ် ပတ်ထားသင့်ပါတယ်။ ထိုင်ခုံခါးပတ် မပတ်ထားတဲ့ ခရီးသည်များဟာဆိုရင် သူတို့ကိုယ်တိုင်နဲ့ အခြားသူများအတွက် အန္တရာယ်ဖြစ်စေပါတယ်။
ကားမှောက်/ ကားတိုက်မှုတစ်ခုမှာ ထိုင်ခုံခါးပတ် မပတ်ထားတဲ့သူတွေဟာ လွင့်စင်ထွက်သွားနိုင်ပြီး ပြင်ထန်တဲ့ ထိခိုက်ဒဏ်ရာများ ရနိုင်ပါတယ်။ ကလေးများရဲ့ အရွယ်အစား၊ အလေးချိန်နှင့် ကိုက်ညီမှုရှိတဲ့ သင့်တော်သော ကားထိုင်ခုံများတွင်းမှာ ကလေးတွေကို ထိုင်ခိုင်း ထိုင်ခုံခါးပတ်သေချာပတ်ပေးထားပါ။ ကလေးငယ်များကို ရှေ့ခန်းထိုင်ခုံမှာ ပေးမထိုင်ပါနဲ့ ။ လမ်းဘေးအန္တရယ် ကင်းရှင်းရေးအတွက် ကျွန်မတို့အားလုံးက တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါသည်။ ဤဘေးကင်းရေးအဆင့်များကို လိုက်နာလုပ်ဆောင်ပြီး သင်တာဝန်ကိုယူပါ။
ကားထိုင်ခုံခါးပတ်များပတ်ရန် မင်းသမီး မီရှဲလ်ယိုး အသိပညာပေး
04 February 2017
ကားထိုင်ခုံခါးပတ်များပတ်ရန် မင်းသမီး မီရှဲလ်ယိုး အသိပညာပေး