ချီလီတွင် နေရာပေါင်း တစ်ရာကျော်၌ လောင်ကျွမ်းနေသော တောမီးကို လူအင်အား နှစ်သောင်းနီးပါးဖြင့် ငြိှမ်းသတ်နေ

ချီလီတွင် နေရာပေါင်း တစ်ရာကျော်၌ လောင်ကျွမ်းနေသော တောမီးကို လူအင်အား နှစ်သောင်းနီးပါးဖြင့် ငြိှမ်းသတ်နေ

ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၄ ။          ။ ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းက ဒေသခရိုင် ခုနစ်ခုရဲ့ နေရာပေါင်း ၁၃၁ နေရာမှာ လောင်ကျွမ်းနေတဲ့ တောမီးကို လူအင်အား ၁၈၀၀၀ ကျော်ထက်မနည်းက ကြိုစားပမ်းစား ငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ အရေးပေါ်စီမံရေးရုံးနဲ့ အမျိုးသားသစ်တောကော်ပိုရေးရှင်းတို့က အစီရင်ခံပါတယ်။

မီးငြှိမ်းသတ်ခြင်း၊ အထောက်အပံ့အကူအညီများ ပေးပို့ခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေမှာ ချီလီသစ်တောဝန်ထမ်း ၁၁၇၀ ဦး၊ ပြည်ပက လာရောက်ကူညီငြှိမ်းသတ်တဲ့ မီးသတ်သမားနဲ့ ပညာရှင် ၆၂၈ ဦး၊ လက်နက်ကိုင်အဖွဲ့ဝင်အင်အား ၈၃၃၈ ဦး၊ ချီလီမီးသတ်အင်အား ၄၀၀၀ ၊ ရဲအင်အား ၁၇၇၅ ဦး ပါဝင်ပါတယ်။

ဒီအပြင်လည်း ဝန်ကြီးဌာနများက အရပ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်း ၂၉၇ ဦးလည်း အားဖြည့်ထားပါတယ်။ ရဟတ်ယာဉ်နဲ့ လေယာဉ် ၅၂ စင်းနဲ့ အကူအညီအထောက်အပံ့တွေ ပေးပို့နေရတာဖြစ်ပါတယ်။

တောမီးလောင်ရာ အရပ် နေရာ ၁၃၁ နေရာမှာ ၅၁ နေရာက မီးကို ငြှိမ်းသတ်လျက် ရှိနေပြီး ၆၈ နေရာမှာတော့  ငြှိမ်းသတ်ထားနိုင်ပြီလို့ ဆိုပါတယ်။ ၁၂ နေရာသာ လောင်ကျွမ်းနေဆဲဖြစ်ပါတယ်။ တောမီလောင်မှုအတွင်းမှာ မြေဟတ်တာပေါင်း ၅၈၆၀၇၃ ဟတ်တာ ဆုံးရှုံးရပါတယ်။

သမ္မတ မီရှယ်ဘာချာလက်က “အရေးပေါ်အခြေအနေ ဆက်လက်ပြဌာန်းထားဆဲဖြစ်ပါတယ်။”လို့ ကြေညာထားပါတယ်။

ချီလီနိုင်ငံအနေနဲ့ ခုတောမီးဟာ သမိုင်းမှာ အဆိုးဆုံးသော တောမီးလောင်မှုကြီးအဖြစ် ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly