အမျိုးသမီးတွေ ငြိိမ်းချမ်းရေးမှာ ပိုမိုပါဝင်လာနိုင်ဖို့ အစိုးရကို တွန်းအားပေးရန်လို

အမျိုးသမီးတွေ ငြိိမ်းချမ်းရေးမှာ ပိုမိုပါဝင်လာနိုင်ဖို့ အစိုးရကို တွန်းအားပေးရန်လို

ရန်ကုန်။ဖေဖော်ဝါရီ ၃ ။                 ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲအစည်းအချို့နှင့် ပြည်တွင်းမှ အဖွဲ့အစည်းများ ပူးပေါင်း၍ ဆွေးနွေးပွဲတစ်ခုကို Micasa Hotel တွင် ဇန်နဝါရီလ နှစ်ရက်နေ့မှ သုံးရက်နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပဋိပက္ခများတွင် အမျိုးသမီးများ ရင်ဆိုြင်ကုံတွေ့ နေရသည့် အခက်အခဲများကို နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပါတီများမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။

"ကျွန်မတို့ နိုင်ငံတကာအဖွဲ့အစည်းတွေရော အမျိုးသမီးထုတွေတွေရော အားလုံးကပေါ့နော် တစ်ကယ်ပဲ တွန်းတွန်းတိုက်တိုက်နဲ့ အစိုးရကိုရော၊ လွှတ်တော်ကိုရော၊ တကယ်ပဲ လက်နက်ကိုင်အဖွဲ့အစည်းတွေရော တာဝန်ရှိသူအားလုံးကို တွန်းတွန်းတိုက်တိုက်ပြောပြီးတော့ Advocacy နည်းအရသော်လည်းကောင်း ကျွန်မတို့ ပါဝင်လာနိုင်ဖို့ နည်းမျိူးစုံနဲ့ တိုက်တွန်းသွားမှာ ပိုမိုပါဝင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု Myanmar Institute Of General Study ရဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချို ကပြောသည်။

အမျိုးသမီးများဟာ ငြိမ်းချမ်းချင်ပြီး နဂိုကတည်းက မိခင်စိတ်များ ရှိနေသည့် အတွက် အမျိုးသမီးများကို ပိုမိုပါဝင်စေချင်ကြောင်း ဒေါ်နော်မာမာချို က ဆက်ပြောသည်။

အဓိကတွန်းအားပေးမှုအနေနှင့် အမျိုးသမီးများ ပါဝင်သင့်သည်ကို လက်ခံလာနိုင်ရန်  သင်တန်းများ ဆွေးနွေးပွဲများကို ပြုလုပ်ပေးရမည် ဟု Myanmar Institute Of General Study ၏ အမှုဆောင်ဒါရိုက်တာဒေါ်ခင်မမမျိုး က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိးသမီးများ ပါဝင်မှု ၈% ရှိခဲ့ပြီး ၂၁ရာစု ပင်လုံညီလာခံတွင် အမျိုးသမီးများ ပါဝင်မှု ၁၃% ရှိလာခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃၀% ပါဝင်နိုင်ရန် ၂၀၁၆ခုနှစ် သြဂုတ်လ တွင် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့က တောင်းဆိုခဲ့သော်လည်း ၁၃% သာ ပါဝင်ခွင့်ရရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required