မြန်မာနိုင်ငံက နေထိုင်ရတာ လုံခြံုမှုရှိတယ်လို့ ခံစားရရဲ့လား

မြန်မာနိုင်ငံက နေထိုင်ရတာ လုံခြံုမှုရှိတယ်လို့ ခံစားရရဲ့လား

လူတိုင်းက ဘဝမှာ လုံခြုံမှုရှိစွာနဲ့ နေချင်ကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့အခါ နေထိုင်ရတဲ့ ပြည်သူတွေအတွက် တကယ်လုံခြုံပါ့မလား။   ဒီတော့ မြန်မာနိုင်ငံမှာ နေထိုင်ရတာ တကယ်လုံခြုံမှုရှိပါ့မလားဆိုတာကို လူငယ်တွေအမြင်ကို လိုက်မေးကြည့်ထားပါတယ်။

“လုံခြုံမှုရှိလားဆိုရင်တော့ ကျွန်တော်ကတော့  မလုံခြုံဘူးလို့ပဲ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်သွားတဲ့ ရုပ်သံမှတ်တမ်းကို ကြည့်လိုက်ခြင်းအားဖြင့် သေနတ်နဲ့ အနီးကပ် ပစ်သတ်ခြင်း ခံလိုက်ရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အတွက်လည်း လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်။”

 

 

 

“လုံခြုံမှု မရှိဘူးလို့ ခံစားရတာတော့ အမှန်ပဲ လုံခြုံရေးတွေ ပိုပြီးတင်းကြပ်သင့်တယ်ပေါ့ ပိုပြီးတော့ အခုကလေ လုံခြုံရေးက အရမ်းကို လျော့တိလျော့ရဲနိုင်သလိုပဲ စူပါမားကတ်တွေမှာ အိတ်တွေ စစ်တဲ့ အခါကျရင်လည်း သိပ်ပြီးတော့ တင်းကြပ်မှုတွေမရှိသလိုပဲ။ အဲလို ခံစားရတော့ပေါ့ လုံခြုံရေးကိုပိုပြီး တင်းကြပ်သင့်တယ်လို့ ထင်တယ်။”

 

 

 

“အခုလတ်တလောကတော့ ယုံကြည်မှုတော့  အရမ်းမရှိဘူးပေါ့  ကျွန်တော်တို့ နည်းနည်းတော့ သတိထားရမယ်ပေါ့  ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ပါ”

 

 

 

“ဒီမှာနေနေရတာ မလုံခြုံဘူးလို့တော့ ခံစားရတယ်ပေါ့ ပြီးတော့ လုံခြုံရေးတွေလည်း ထပ်ပြီးတော့တိုးမြှင့်သင့်တယ်ပေါ့”

 

 

 

 

“လုံခြုံရေးအရမ်းဆိုးဝါးသွားသလားဆိုတော့လည်း မဟုတ်ဘူးဗျ ဒါပေမယ့် ဒီထက်ပိုပြီးတော့လုံခြုံရေးကို ပိုပြီးတော့ကောင်းစေချင်တယ်ပေါ့နော်”

 

 

 

 

“လက်ရှိနေရတာကတော့မလုံခြုံ…တော့ဘူးပေါ့နော်တော်တော်ကြီးကိုလည်းမလုံခြုံပါဘူး အိမ်ပြန်တာကအစ..ဟို..ကြောက်ကြောက်ရွံရွံနဲ့ပြန်နေရတယ် တစ်ယောက်တည်းပြန်ရတာများတော့ ပိုပြီးတော့သတိရှိပြီးသွားရတယ်ပေါ့နော်”

 

 

 

“မနေ့ကဖြစ်သွားတဲ့ဖြစ်ပုံအရဆိုရင် လူဦးရေထူထပ်တဲ့ကြားထဲကဖြစ်ပေါ်သွားတာ လုံခြုံရေးအားနည်းတာပေါ့ ပြောရမယ်ဆိုရင်တော့ security ပိုင်းလည်းအားနည်းတယ် အကုန်လုံးပေါ့ security ပိုင်းလည်း ပိုမိုလုံခြုံအောင်ဆောင်ရွက်ပေးရမယ်”

 

 

 

“အရင်လောက်တော့သွားရတာ…. အဲ့ဒီလို …..အခုကြားရတဲ့ဟာတွေကပြောရမယ်ဆိုရင်ကြောက်တာ ပေါ့နော်ပြောရမယ်ဆို ကိုယ်လည်း … ကိုယ်ကဘာမှတော့ဟိုဟာမဟုတ်ပေမယ့် .. ဟို..မလုံခြုံဘူး သိပ်ပြီးအရင်လောက်မလုံခြုံတော့ဘူးလို့တော့ထင်တယ်..အခုဆိုအမျိုးမျိုးကြားရတယ်လှည်းတန်း ဘက်မှာဆို..ဘာ..ဘယ်လိုဖြစ်သွားတယ်..ဘာညာ..အဲ့ဒီလိုမျိုးတော့ဆိုတော့တကယ့်လူစည်ကားတဲ့ နေရာတွေမှာလည်းဖြစ်နေတာ အဲ့ဒီလိုဆိုတော့..နည်းနည်းတော့..ဟို.သတိထားပြီးတော့ဆင်ခြင်ပြီး တော့နေရတာပေါ့အရင်ကထက်စာရင်”

 

 

ဒါတွေကတော့ ဇန်နဝါရီ ၂၉ရက်က ရန်ကုန်လေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုကို အခြေခံပြီး လူငယ်တွေကို လိုက်လံမေးမြန်းမှုက ရတဲ့ အသံတွေပဲ ဖြစ်ပါတယ်။

လတ်တလောအဖြစ်အပျက်တွေကြောင့် လူငယ်တွေရဲ့စိတ်ထဲမှာ မြန်မာနိုင်ငံမှာ နေထိုင်ရတာ လုံခြုံမှု မရှိတော့ဘူးလို့ ခံစားနေရတာကို အခုလိုပဲကြားသိခဲ့ရမှာပါ သူငယ်ချင်းတို့မှာလည်း  မြန်မာနိုင်ငံမှာ နေထိုင်ရတာလုံခြုံမှုရှိရဲ့လားဆိုတာကို ကျွန်မတို့ရဲ့ Yope Facebook နဲ့ Yope Website တွေမှာ ဝင်ရောက်ပြီးတော့ comment လေးတွေပေးခဲ့ကြပါဦး …ဘိုင့်…

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required