ဘောလိဝု(ဒ်) သီချင်းတစ်ပုဒ်ကြောင့် ကနေဒါ မင်္ဂလာပွဲတစ်ခု နာမည်ကျော်သွား

ဘောလိဝု(ဒ်) သီချင်းတစ်ပုဒ်ကြောင့် ကနေဒါ မင်္ဂလာပွဲတစ်ခု နာမည်ကျော်သွား

ကနေဒါ စုံတွဲတစ်တွဲ၏ လက်ထပ်မင်္ဂလာပွဲတွင် သတို့သားဖြစ်သည့် ကနေဒါ အမျိုးသား Frank Gregoire က သတို့သမီးဖြစ်သူ အိန္ဒိယနွယ်ဖွား ကနေဒါနိုင်ငံသူ Simran Malhotra အား သူ တိတ်တခိုး လေ့ကျင့်ထားသော နာမည်ကျော် ဘောလိဝု(ဒ်) အချစ် သီချင်းတစ်ပုဒ်ကို အံ့အားသင့် ဖွယ် တီးခတ်သီဆိုပြခဲ့ပြီး ထိုဗီဒီယိုကို Youtube တွင် လွှင့်တင်ခဲ့ရာ မမျှော်လင့်ဘဲ ရေပန်းစား လူကြိုက်များသွားခဲ့ပြီး တစ်ပတ်အတွင်းတွင် ကြည့်ရှှုသူ လေးသန်းကျော် ရှိနေပြီ ဖြစ်သည်။

ကနေဒါ သတို့သား၏ဘောလိဝု(ဒ်) သီချင်း သီဆိုမှှုကြောင့် သာမန် မင်္ဂလာပွဲတစ်ခုမှာအွန်လိုင်း လူမှှုမီဒီယာများတွင် နာမည်ကျော် သွားခြင်း ဖြစ်သည်။

မင်္ဂလာပွဲတွင် သတို့သား သီဆိုခဲ့သော သီချင်း၏ အမည်မှာ “Kyunki Tum Hi Ho (Only you are there)” ဖြစ်ပြီး https://www.youtube.com/watch?v=0GojJnrqpeE&feature=youtu.be တွင် သွားရောက် ကြည့်ရှှုနိုင်သည်။  

သတို့သား Frank Gregoire က ထိုသီချင်း သီဆိုလိုက်သောအခါတွင် သတို့သမီးမှာ အံ့အားသင့်ပြီး ဝမ်းသာပီတိဖြစ်ကာ မျက်ရည်များကျလာခဲ့သည်။ သတို့သားသည် ထိုသီချင်းကိုကောင်းစွာ သီဆိုနိုင်ရေးအတွက် ရက်ပေါင်းများစွာ တိတ်တခိုးလေ့ကျင့် ခဲ့ကြောင်း သိရသည်။

အွန်လိုင်း လူမှှုမီဒီယာ အများအပြားတွင် ထိုဗီဒီယိုကို ထပ်ဆင့်ပြန်လည်မျှဝေသူများနှင့် ကြည့်ရှှုသူပေါင်း သန်းနှင့်ချီကာ ရှိနေ ပြီဖြစ်ကြောင်း သိရသည်။

“ ဒီ ဗီဒီယိုကို လူတွေ ဒီလောက် အာရုံစိုက်ကြလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးထင်မိခဲ့ပါဘူး” ဟု သတို့သား မစ္စတာ Gregoire က ဘီဘီစီကို ပြောကြားသည်။

မေတ္တာတရားကို အခြေခံသည့် လှပသော လုပ်ရပ်အပေါ် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ခဲ့ရကြောင်း သတို့သမီး Malhotra က ဆိုသည်။

“Frank ဟာ သီချင်းဆိုရတာကို နှစ်သက်မြတ်နိုးသူ တစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ သိပြီးသားပါ။ ဒါပေမဲ့ သူ ဟင်ဒီသီချင်းတစ်ပုဒ်ကို လေ့ကျင့်သင်ယူပြီး ကျွန်မတို့ရဲ့ လက်ထပ် မင်္ဂလာပွဲမှာ ကျွန်မကို ဆိုပြလိမ့်မယ်လို့တော့ မတွေးမိခဲ့ပါ ဘူး။ သူ အဲဒီသီချင်းကို စဆိုလိုက်တော့ ကျွန်မ အရမ်းကို အံ့အားသင့်သွားခဲ့တာပါ။ အဲဒီအခိုက်အတန့်မှာ ကျွန်မ ခံစားလိုက်ရတဲ့ ခံစားချက်တွေ ကိုဖော်ပြဖို့ စကားလုံးတောင် မရှိတော့ပါဘူး။ ကျွန်မ နောက်ထပ်ဘယ်တော့မှ ထပ်ပြီး ခံစားရ တော့မှာ မဟုတ်တဲ့ ခံစားချက်မျိုးပါ” ဟု သတို့သမီးက ပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required