မင်းသမီး မွန်ဂေါင်ယောင်းနှင့် မင်းသားကောင်ဂျီဝန်တို့ ပါဝင် သရုပ်ဆောင်ထားသော Home Alone ဇာတ်ကားပြသရန် ပယ်ဖျက်ခံရ

မင်းသမီး မွန်ဂေါင်ယောင်းနှင့် မင်းသားကောင်ဂျီဝန်တို့ ပါဝင် သရုပ်ဆောင်ထားသော Home Alone ဇာတ်ကားပြသရန် ပယ်ဖျက်ခံရ

တောင်ကိုရီးယားမင်းသမီး မွန်ဂေါင်ယောင်းနှင့် မင်းသမီး ကောင်ဂျီဝန်တို့ ပါဝင်သရုပ်ဆောင်ထားသော Home Alone ဇာတ်ကား သည် မကြာသေးမီက ထုတ်လွှင့်ပြသခွင့် ပယ်ဖျက်ခံခဲ့ရသည်။

မင်းသမီး မွန်ဂေါင်ယောင်းနှင့် မင်းသားကောင်ဂျီဝန်တို့သည့် အဆိုပါ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မှုနှင့် စပ်လျဉ်း ၍ဆွေးနွေး မှုများပြုလုပ်ခဲ့သော် လည်းဆွေးနွေးပွဲပြုလုပ်နေစဉ် အတွင်းအဆိုပါ ဇာတ်ကားထုတ်လုပ်မှုကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KBS ရုပ်သံဌာန က ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။

Home Alone ဒရမ်မာ ဇာတ်ကားကို အောက်တိုဘာလတွင် ပြသရန် စီစဉ်ထားသော်လည်း ယခုအခါ ထုတ်လွှင့်မှုကို ပယ်ဖျက် ခဲ့ကြောင်းနှင့် အဆိုပါ ဇာတ်ကားသည် မိသားစုဝင်များ ဆုံးရှုံးခဲ့ပြီး နောက် အမေရိကန်သို့ ထွက်ခွာသွားခဲ့သည့် စီးပွားရေး လုပ်ငန်းရှင် အမျိုးသားတစ်ဦးအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

ယင်းအမျိုးသားသည် စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှုရရှိလာခဲ့ပြီးနောက် ကိုရီးယား နိုင်ငံသို့ ပြန်လာကာ ၎င်း၏ ခွေးကို ထိန်းကျောင်းရန် အမျိုးသမီးတစ်ဦးအား ငှားရမ်းခဲ့ပုံကို ပုံဖော် ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required