အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်ရန်သာ နည်းပြချုပ် ရည်မှန်းထား

အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်ရန်သာ နည်းပြချုပ် ရည်မှန်းထား
အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၆အသင်း။(ဓာတ်ပုံ- MFF)

ဇူလိုင် ၂၃၊ ရန်ကုန် ။       ။ ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂၈ ရက်၌စတင်ကျင်းပမည့် အာဆီယံယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အမြင့်ဆံုံးအဖြစ် ဆီမီးဖိုင်နယ်အဆင့်အထိသာ ရည်မှန်းထားသည်ဟု မြန်မာယူ-၁၆အသင်းနည်းပြချုပ် အဲရစ်ဝီလျံကပြောသည်။

မြန်မာယူ-၁၆အသင်းမှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(ခ)၌ အိမ်ရှင် ကမ္ဘောဒီးယား၊ စင်ကာပူ၊ သြစတြေးလျ၊ ဖိလစ်ပိုင် အသင်းတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဇူလိုင် ၂၈ရက်တွင် စင်ကာပူအသင်းနှင့် စတင်ကစား ရမည်ဖြစ်သည်။

“အသင်းမှာ ကျွန်တော်ကရောက်တာမကြာသေးတော့ ကစားသမားတွေအခြေအနေကို သေချာမသိသေးဘူး။ ပြိုင်ပွဲအတွက် ကစားကွက်သုံးမျိုးပြင်ဆင်ထားတယ်။ ကလေးတွေလိုက်ကစားနိုင်တာတွေ့လို့ ကျေနပ်ပါတယ်။ ဒီပြိုင်ပွဲမှာ အသင်းအထိုင် ကိုပြင်ဆင်ပြီး အာရှခြေစစ်ပွဲအောင်ဖို့အတွက် ပြင်ဆင်မှာပါ။”ဟု အဲရစ်ဝီလျံကပြောသည်။

မြန်မာယူ-၁၆အသင်းမှာ အာဆီယံပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဇူလိုင် ၂၁ ရက်က သုဝဏ္ဏကွင်းတွင်ခြေစမ်းပွဲ ကစားခဲ့ရာ ၄-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required