မန်ယူအသင်းသည် လိဂ်ဖလားဗိုလ်လုပွဲတွင် ရေပန်စားနေသည့်အသင်းမဟုတ်ဟု မော်ရင်ဟိုပြော

မန်ယူအသင်းသည် လိဂ်ဖလားဗိုလ်လုပွဲတွင် ရေပန်စားနေသည့်အသင်းမဟုတ်ဟု မော်ရင်ဟိုပြော

ဇန်နဝါရီ ၂၇၊ မန်ချက်စတာ။           ။ ဖေဖော်ဝါရီ ၂၆ တွင် ဝင်ဘာလေကွင်း၌ ဆောက်သမ်တန်နှင့်တွေ့ဆုံသည့် EFL ဖလားဗိုလ်လုပွဲတွင် မန်ချက်စတာယူနိုက်တက် အသင်းမှာ ရေပန်းစားနေသည့်အသင်းမဟုတ်ကြောင်း နည်းပြမော်ရင်ဟိုက ပြောသည်။

ယူနိုက်တက်သည် ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် ဟားလ်စီးတီးအသင်းကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ၃-၂ ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

“ကျွန်တော်တို့ ဘယ်မှာကစားရ ကစားရ ရေပန်းစားတဲ့အသင်းမဟုတ်ပါဘူး”ဟု မော်ရင်ဟိုက ပြောသည်။ ဟားလ်စီးတီးအသင်း ရရှိခဲ့သည့် ပင်နယ်တီဂိုးကိုဒေါသထွက်နေသည့် မော်ရင်ဟိုက ပွဲအပြီးတွင် “ကျွန်တော်တို့မရှုံးပါဘူး။ တစ်ဂိုးစီသရေပါ”ဟု လည်း ပြောဆိုခဲ့သည်။

ယူနိုက်တက်သည် ၁၇ ပွဲဆက်တိုက်ရှုံးပွဲမရှိရလဒ်ရပ်တန့်ခဲ့ရသော်လည်း မော်ရင်ဟိုအနေဖြင့် ဆာအဲလက်စ်ဖာဂူဆန်နှင့် ဘရိုင်ယန်ကလောက်တို့၏ လိဂ်ဖလားလေးကြိမ်ရရှိသည့်စံချိန်ကို လိုက်မီရန် အခွင့်အရေးရရှိသွားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required