အနာဂါတ်နှင့် ပတ်သက်သည့်မေးခွန်းများကို ဘာစီလိုနာနည်းပြအင်းနရစ်ငြင်းဆန်

အနာဂါတ်နှင့် ပတ်သက်သည့်မေးခွန်းများကို ဘာစီလိုနာနည်းပြအင်းနရစ်ငြင်းဆန်

ဇန်နဝါရီ ၂၆၊ ဘာစီလိုနာ။             ။ စာချုပ်သက်တမ်းကုန်ဆုံးမည့် လက်ရှိဘောလုံးရာသီကုန်တွင် နူးကမ့်မှထွက်ခွာဖွယ်ရှိသည်ဟုသတင်းများထွက်နေသည့် ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်သည် ၎င်း၏အနာဂါတ်နှင့်ပတ်သက်သည့်မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်လိုက်သည်။

ဘာစီလိုနာအသင်းကို လာလီဂါတွင် အောင်မြင်မှုဆက်တိုက်ရအောင် စွမ်းဆောင်ပေးထားသည့် စပိန်လူမျိုးနည်းပြသည် ကစားသမားများက ၎င်းကိုလက်ရှိ ရာသီထက်ကျော်လွန်ပြီး အသင်းတွင် ဆက်ရှိနေစေလိုကြသည်ဟု ခံစားမိသလား ဆိုသည်ကိုလည်း မှတ်ချက်ပေးရန် ငြင်းဆန်သည်။

“ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး”ဟု သာ အင်းနရစ်ကပြောသည်။ ဆီဗီလာအသင်းကိုရလဒ်ကောင်းအောင်စွမ်းဆောင်ပေး နေသည့် ဂျော့ချ် ဆမ်ပါအိုလီသည် ဘာစီလိုနာနည်းပြရာထူး အတွက် ရေးပန်းစားလျှက်ရှိသည်။

လက်ထောက်နည်းပြ ဟွမ်ကားလို့စ်အန်ဇူးဖြင့်ပင် အစားထိုးခံရနိုင်သလားဆိုသည့် မေးခွန်းကိုလည်း အင်းနရစ်က “ဒီမေးခွန်းက မနက်ဖြန်ပွဲနဲ့ မသက်ဆိုင်ပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၄ တွင် အင်းနရစ်ရောက်လာပြီးနောက် ဘာစီလိုနာအသင်းသည် ကိုပါဒယ်ရေးဖလားနှစ်လုံး၊ လာလီဂါဖလားနှစ်လုံးနှင့် ၂၀၁၅ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေစူပါဖလား၊ စပိန်စူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိထားသည်။

သို့သော်လက်ရှိရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်နှင့် နှစ်မှတ်သာကွာပြီး တတိယနေရာသို့ရောက်နေသည့် တိုင် ဘာစီလိုနာအသင်းမှာ ၎င်းတို့၏ အကောင်းဆုံးခြေစွမ်း မရဘဲဖြစ်နေသည်။

အသက် ၄၆ နှစ်အရွယ်နည်းပြက ၎င်းနှင့်အသင်းသားများမှာ ဆုဖလားများပိုမိုရယူနိုင်ရန် အမြဲတမ်းဆန္ဒပြင်းပြနေသည်ဟုသာ အခိုင်အမာပြောဆိုခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly