ပင်နယ်တီပေးရန်ပျက်ကွက်ခဲ့သည့် ကွင်းလယ်ဒိုင် မာတင်အင်ကင်ဆင်ကို ကလော့ပ်ဝေဖန်

ပင်နယ်တီပေးရန်ပျက်ကွက်ခဲ့သည့် ကွင်းလယ်ဒိုင် မာတင်အင်ကင်ဆင်ကို ကလော့ပ်ဝေဖန်

ဇန်နဝါရီ ၂၆၊ လီဗာပူးလ်။            ။ လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်သည် ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆင်ကိုကျေနပ်ခြင်းမရှိသော်လည်း လိဂ်ဖလား ဆီမီးတွင် ဆောက်သမ်တန်ကို ရှုံးနိမ့်ထွက်ခွာခဲ့ရခြင်းအတွက် ဆင်ခြေပေးခြင်း မဟုတ်ကြောင်း ပြောသည်။

နှစ်ကျော့ပေါင်း ၂-၀ အနိုင်ရလဒ်ဖြစ်စေပြီး ဆောက်သမ်တန်အသင်း ၂၀၀၃ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိကဗိုလ်လုပွဲ တစ်ပွဲသို့ တက်ရောက်သွားစေသည့် ထပ်ဆောင်းအချိန်ပို သွင်းဂိုးမတိုင်မီတွင် ရှိန်းလောင်းလက်ဖြင့် ဘောလုံးထိခဲ့ခြင်းမှာ လီဗာပူးလ်အသင်း ပင်နယ်တီရခဲ့သင့်သည်ဟု ကလော့ပ်က ယူဆနေသည်။

“ဆောက်သမ်တန်အသင်းကို ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ပျက်နေပါတယ်။ လက်ထိဘောက အရှင်းကြီးပါ။ လောင်းရဲ့ လက်နဲ့ ထိသွားတာ အရှင်းကြီးပါ။

ရာနှုန်းပြည့်ထင်ရှားပါတယ်။ “ဝမ်းနည်းပါတယ်၊ မမြင်လိုက်မိဘူး”လို့ ဘယ်သူမှ လာမပြောခဲ့ပါဘူး။ ဒါကအရေးစိုက်စရာဟုတ်ချင် မှ ဟုတ်ပါလိမ့်မယ်။ ကျွန်တော်ဆင်ခြေပေးနေတာလည်းမဟုတ်ပေမယ့် လက်ခံဖို့တော့ခက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်က မန်ယူနိုက်တက်နဲ့ပွဲကြီးတုန်းကလည်း အီဘရာဟီမိုဗစ်ချေပဂိုးသွင်းဖို့အတွက် ဗလင်စီယာ နှစ်ကိုက်၊ သုံးကိုက်လောက် လူကျွံနေခဲ့တာကိုလည်း ဘယ်သူမှ မပြောခဲ့ကြဘူး။

ကျွန်တော်တို့ဟာ ခွင့်မပြုသင့်တဲ့ လူကျွံဂိုးတွေကိုတော်တော်လေးပေးခဲ့ရပြီး အခု လက်ထိဘောပါ ပါလာပြီ”ဟု ကလော့ပ်က ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly