လီယောင်အေးနှင့်အတူ တွဲသရုပ်ဆောင်ရခြင်းဟာ သူ့ကို စိတ်လှုပ်ရှားစေကြောင်း ဆောင်းဆန်းဟွန် ပြောကြား

လီယောင်အေးနှင့်အတူ တွဲသရုပ်ဆောင်ရခြင်းဟာ သူ့ကို စိတ်လှုပ်ရှားစေကြောင်း ဆောင်းဆန်းဟွန် ပြောကြား

ပြီးခဲ့သော ဇန်နဝါရီ ၂၄ ရက်နေ့တွင် မင်းသားဆောင်းဆန်းဟွန်က မင်းသမီးလီယောင်အေးနှင့် ပထမဦးဆုံးအကြိမ် အဖြစ်တွဲဖက် သရုပ်ဆောင်ရခြင်းအပေါ် မည်မျှစိတ်လှုပ်ရှားကြောင်း ဖွင့်ဟပြောဆိုခဲ့ပါသည်။

“Saimdang, Light’s Diary” ဇာတ်လမ်းတွဲအတွက်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ သတင်းသမားများက မင်းသားအား လီယောင်အေးနှင့် အလုပ်တွဲလုပ်ရခြင်းကို ဘယ်လိုခံစားရကြောင်း   မေးမြန်းခဲ့ပါသည်။

ဆောင်းဆန်းဟွန်ကရှက်ရွံ့စွာဖြင့် “ဒါဟာကျနော်တို့နှစ်ယောက်ပထမဦးဆုံးအကြိမ်အဖြစ်ရုပ်ရှင်အတူရိုက်ဖူးတာ ဖြစ်ပါတယ်။ ကျနော်အရမ်းကိုစိတ်လှုပ်ရှားနေခဲ့တာကြောင့် အလွဲလွဲအချော်ချော်တွေ ချည်းပဲဖြစ်နေခဲ့ပါတယ်။ ကျနော်ပြောရမယ့်စာကြောင်းတွေကိုတောင်ကောင်းကောင်းမွန်မွန်မပြောနိုင်ခဲ့ပါဘူး။ ကျနော့်ကိုယ်ကျနော် အကြိမ်ကြိမ်ပြန်မေးခဲ့ပါတယ်။ ငါဘာတွေဖြစ်နေတာလဲလို့ပေါ့။ ကျနော်ဟာ ပထမဦးဆုံးအနုပညာလောကထဲ ဝင်လာတဲ့လူသစ်မင်းသားလေးတစ်ဦးဘဝကိုပြန်ရောက်သွားသလိုပါပဲ။ ကျနော့်နှလုံးလည်းအရမ်းကိုခုန်နေခဲ့ ပါတယ်။ ဒါကြောင့်ရိုက်ကွင်းပေါ်မှာ အမှားအများကြီး လုပ်မိတဲ့ အမှတ်တရလေးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါသည်။

ဆောင်းဆန်းဟွန်နှင့် လီယောင်အေးတို့အတူသရုပ်ဆောင်ထားသောဇာတ်လမ်းတွဲသစ် “Saimdang, Light’s Diary” ကို ဇန်နဝါရီ ၂၆ရက်နေ့တွင် KST နှင့် SBS ရုပ်သံလိုင်းတို့မှ စတင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required