မန်ယူအသင်းကို မော်ရင်ဟို ကောင်းကောင်း ထိန်းချုပ်သွားနိုင်ပြီဟု ဖာဂူဆန် ချီးကျူး

မန်ယူအသင်းကို မော်ရင်ဟို ကောင်းကောင်း ထိန်းချုပ်သွားနိုင်ပြီဟု ဖာဂူဆန် ချီးကျူး
 

ဇန်နဝါရီ ၂၅၊ အင်္ဂလန် ။               ။ မန်ယူအသင်း၏ဂန္ထဝင်နည်းပြကြီးဖာဂူဆန်က မော်ရင်ဟို၏အသင်းမှာ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီဖြစ်ကြောင်းနှင့် မန်ယူအသင်းကို   မော်ရင်ဟိုကောင်းကောင်း ထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် ပထမရာသီဝက်တွင် ပွဲပယ်ပြစ်ဒဏ် ၂ ကြိမ် ကျခံခဲ့ရပြီး ရှစ်ပွဲတွင် နိုင်ပွဲတစ်ပွဲပဲ ရရှိသည့် အခြေအနေဆိုးများနှင့်ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယခုအချိန်တွင် မန်ယူအသင်းမှာ တည်ငြိမ်လာပြီဖြစ်ပြီး လာမည့် ဟားလ်စီးတီးနှင့် လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် ရလဒ်ကောင်းခဲ့ပါက ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တစ်ခု ရရှိတော့မည်ဖြစ်သည်။

‘မော်ရင်ဟို အဖြေရှာတွေ့သွားပြီလို့ ကျွန်တော်ထင်ပါတယ်။ ရာသီအစမှာ သူစိတ်လှုပ်ရှားမှုတွေများနေပြီး ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။

အခု မော်ရင်ဟိုကို ကြည့်လိုက်ပါ။ အေးအေးဆေးဆေးနဲ့ ကောင်းကောင်းထိန်းချုပ်သွားနိုင်ပါပြီ။ အခုမန်ယူအသင်းကို မြင်နေရတာက သက်သေပါပဲ။ နည်းပြမော်ရင်ဟိုရဲ့ အသင်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာပါပြီ’ ဟု ဖာဂူဆန်က ချီးကျူးခဲ့သည်။

မော်ရင်ဟိုမှာ မန်ယူအသင်းအတွက် မှန်ကန်သည့် နည်းပြဖြစ်ကြောင်းလည်း ဖာဂူဆန်က ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required