အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်၏ စစ်ရေးတည်ဆောက်မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်၏ စစ်ရေးတည်ဆောက်မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်

ဇန်နဝါရီ ၂၄ ။                  ။ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်တို့ဘက်က စစ်အခြေစိုက်စခန်းများ တည်ဆောက်နေသည်ဆိုသော သတင်းများထွက်ပေါ်နေခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖိလစ်ပိုင်တွင် ပေါ်ပေါက်ခဲ့သည်။

ဇန်နဝါရီ ၂၄ ရက်က မနီလာမြို့တောင်ဘက် မာကာတီမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့သို့ တက်ကြွလှုပ်ရှားသူတစ်ဒါဇင်ခန့် စုဝေးရောက်ရှိခဲ့ပြီး အငြင်းပွားကျွန်းစုများအနီး တရုတ်တို့၏ ယင်းလုပ်ဆောင်မှုများကို အကြီးအကျယ်ဆန့်ကျင်ကန့်ကွက်ထုတ်ဖော်ခဲ့ကြသည်။

တရုတ်ကောင်စစ်ဝန်ရုံး ပြင်ပသို့ ရောက်ရှိစုရုံးခဲ့ကြသူများထဲတွင် တက်ကြွလှုပ်ရှားသူများအပြင် ဖိလစ်ပိုင် လက်ဝဲယိမ်း နိုင်ငံရေးပါတီ Bayan Muna မှ ထောက်ခံအားပေးကြသူများလည်း ပါဝင်ခဲ့သည်။

ကာလကြာအငြင်းပွားနေခဲ့သော ယင်းတောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်တို့က စစ်ရေးတည်ဆောက်မှုများ ပြုလုပ်လာကြောင်း အတည်ပြုသတင်းများထွက်ပေါ်ထားပြီးနောက် ဇန်နဝါရီ အစောပိုင်းကမူ ဖိလစ်ပိုင်အစိုးရဘက်က သံတမန်နည်းလမ်းဖြင့်ဖြေရှင်းမှုများ ပြုလုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required