ဆွာဇီလန်ရှိကျောင်းများ၌ ခရစ်ယာန်အယူအဆ သီးသန့်သာသင်ကြားရန် အမိန့်ထုတ်

ဆွာဇီလန်ရှိကျောင်းများ၌ ခရစ်ယာန်အယူအဆ သီးသန့်သာသင်ကြားရန် အမိန့်ထုတ်

ဇန်နဝါရီ ၂၄ ။         ။ ယနေ့အင်္ဂါနေ့၌ ဆွာဇီလန်ရှိကျောင်းများသည် ၎င်းတို့၏ စာသင်နှစ်အသစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး မွတ်စလင်များအား မခံမရပ်နိုင်ဖြစ်စေသော ရွှေ့ကွက်တစ်ခုဟု အတိုက်အခံများက ဝေဖန်နေကြသည့် အစိုးရ အဖွဲ့သစ်၏ အမိန့်အရ ခရစ်ယာန်အယူအဆ တစ်ခုတည်းကိုသာ ကျောင်းများ၌သင်ကြားသွားမည်ဖြစ်သည်။

အစိုးရအရာရှိများက ဖတ်စာအုပ်အဟောင်းများအား သမ္မာကျမ်းစာတစ်ခုတည်းကိုသာ  ဖော်ပြထားသည့်ဖတ်စာ အုပ်အသစ်များနှင့် အစားထိုးသွားမည်ဖြစ်ပြီး စာသင်နှစ်မစခင်၌ ဘာသာရေးသင်ခန်းစာပို့ချမည့် အရည်အချင်း ပြည့်မှီသော ဆရာများစာရင်းကို ကျောင်းများက တင်ပြရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

“အခြားဘာသာရေးများအကြောင်းကို မူလတန်းနှင့် အထက်တန်းအဆင့်မှာ သင်ကြားသွားမှာမဟုတ်ပါဘူး” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိဖြစ်သူ Pat Muir ကပြောခဲ့သည်။

“တတိယအဆင့်ပညာရေးမှာတော့ သူတို့ဟာ အခြားဘာသာရေးများအကြောင်းကို သင်ကြားဖို့ဆုံးဖြတ်ချက်ချနိုင် မှာဖြစ်ပါတယ်” ဟု သူကဆက်ပြောခဲ့သည်။

ပြီးခဲ့သောအပတ်က ပညာရေးဝန်ကြီးဌာနသည် သင်ရိုးမာတိကာအတွင်း၌ ခရစ်ယာန်ဘာသာ အယူအဆမှလွဲ၍ အစ္စလာမ်ဘာသာနှင့် ဂျူးဘာသာအပါအဝင် အခြားဘာသာများကို ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း သေချာရန် ကျောင်းအုပ်ဆရာအားလုံးကို စစ်ဆေးခိုင်းခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required