ရန်ကုန်မြို့တော်စည်ပင်က သန့်ရှင်းရေးလုပ်သား ၄၀၀ ကျော်ကို ဘီပိုးကာကွယ်ဆေးထိုးပေး

ရန်ကုန်မြို့တော်စည်ပင်က သန့်ရှင်းရေးလုပ်သား ၄၀၀ ကျော်ကို ဘီပိုးကာကွယ်ဆေးထိုးပေး

ဇန်နဝါရီ ၂၄ ။                 ။ ဇန်နဝါရီ ၂၄ရက်တွင် ရန်ကုန်မြို့တော်စည်ပင်မှ သန့်ရှင်းရေးလုပ်သား ၄၂၇ ဦးကို အသည်းရောင် အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်ဟု ရန်ကုန်မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ သန့်ရှင်းရေးလုပ်သားများအား ကာကွယ်ဆေးထိုးခြင်းကို  မြို့နယ်အလိုက်၊ ခရိုင်အလိုက် လစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခု တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်သည်။ သန့်ရှင်းရေးလုပ်သားများကို ဘီပိုး ကာကွယ်ဆေးထိုးပေးခြင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးဝါးကုသပေးမှုများကိုလည်း  ပြုလုပ်ပေးနေပြီး စည်ပင်သာယာတွင် သန့်ရှင်းရေးလုပ်သား ၄၀၀၀ ကျော်ရှိသည်။

အဆိုပါ ဘီပိုးကာကွယ်ဆေး ထိုးပေးရေးအစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်လက်အောက်ရှိ သန့်ရှင်းရေးဌာန နှင့်  ကျန်းမာရေးဌာနတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ 

စည်ပင်သာယာရေးကော်မတီအနေဖြင့် ကျန်းမာရေးုထိခိုက်စေသည့် အနံ့ဆိုးများ ကင်းရှင်းရေးအတွက် ပြီးခဲ့သည့်နှစ် သြဂုတ်လက စတင်ပြီး နောက်ဖေးလမ်းကြား သန့်ရှင်းရေးစီမံချက်ကို စတင်ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly