ဘင်္ဂလားဒေ့ရှ်တွင် မိုးကြိုးပစ်ခံရ၍ လူသေဆုံးမှုများနေမှုကို ကာကွယ်လျှော့ချရန် သစ်ပင်တစ်သန်း စိုက်

ဘင်္ဂလားဒေ့ရှ်တွင် မိုးကြိုးပစ်ခံရ၍ လူသေဆုံးမှုများနေမှုကို ကာကွယ်လျှော့ချရန် သစ်ပင်တစ်သန်း စိုက်

ဇန်နဝါရီ ၂၄ ။                       ။ နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မိုးကြိုးပစ်ခံရ၍ လူရာပေါင်းများစွာ သေဆုံးနေရသည့်ဘေးက တားဆီးကာကွယ်နိုင်ရန် နိုင်ငံတစ်ဝန်း ထန်းပင်ပေါင်း တစ်သန်း ထိ စတင်စိုက်ပျိုးပေးနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

ယမန်နှစ် ၂၀၁၆ က မိုးကြိုးပစ်ခံရမှုကြောင့် လူပေါင်း ၂၀၀ ကျော် စံချိန်တင်သေဆုံးမှုများခဲ့ပြီး တစ်ရက်တည်းမှာပင် ၈၂ ဦးထိ သေဆုံးခဲ့ရခြင်းကြောင့် မိုးကြိုးပစ်မှုကို သဘာဝဘေးဒုက္ခဆိုးဖြင့် အာဏာပိုင်များက တရားဝင်ထုတ်ဖော်ကြေညာခဲ့ကြသည်။

သို့သော် မြေပြင်စာရင်းများအရ သေဆုံးသူဦးရေမှာ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းထက်ပင် ပိုများနေကြောင်းနှင့် လွတ်လပ်သော စောင့်ကြည့်အဖွဲ့၏ ထုတ်ဖော်ချက်အရဆိုလျင် ၂၀၁၆က လူပေါင်း ၃၄၉ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးထားခဲ့သည်ဟု သိရသည်။

ကျေးလက်ဒေသနေ ပြည်သူအများစုမှာ ယင်းသေဆုံးမှုဖြစ်စဉ်များကို အာဏာပိုင်များထံသို့ အကြောင်းကြားမှု အားနည်းခဲ့သည်ဟုလည်း သိရသည်။

ယင်းအတွက်ကြောင့် ယခုဘေးဒုက္ခဆိုးကို တစ်ဘက်တစ်လမ်းမှ ကာကွယ်နိုင်ရန် နိုင်ငံတစ်ဝန်း ထန်းပင် ပျိုးစိတ် တစ်သန်း စိုက်ပျိုးပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မိုးကြိုးပစ်ခံရ၍ သေဆုံးသူများနေခြင်းမှာ သစ်ပင်ကြီးများ မရှိခြင်းနှင့် တစ်စိတ်တစ်ဒေသ သက်ဆိုင်နေကြောင်း နှင့် သစ်ပင်များ၏ သစ်မြစ်များက ယင်းမိုးကြိုးလျှပ်စီး လမ်းကြောင်းကို စုပ်ယူနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required