ကော်စတာနှင့် ပတ်သက်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်းဟု ကွန်တီ ပြော

ကော်စတာနှင့် ပတ်သက်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်းဟု ကွန်တီ ပြော

ဇန်နဝါရီ ၂၃၊ အင်္ဂလန် ။           ။ ဟူးလ်စီးတီးနှင့်ပွဲစဉ်တွင် တိုက်စစ်မှူးဒီယေဂိုကော်စတာကို ပွဲထွက်စာရင်းတွင် အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီက ပြောသည်။

စပိန်တိုက်စစ်မှူး ကော်စတာသည် တရုတ်စူပါလိဂ်ကလပ်၏ကမ်းလှမ်းမှုကို ခံခဲ့ရသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး လေ့ကျင့်ရေးကွင်းတွင် ကြံ့ခိုင်ရေးနည်းပြနှင့် ပြဿနာဖြစ်ပွားခဲ့သည်။ ထို့ကြောင့် နည်းပြကွန်တီက လက်စတာကို အနိုင်ရသည့်ပွဲတွင် အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ပြီး ယခု ဟူးလ်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်မှ  ပြန်သုံးခဲ့ခြင်းဖြစ်သည်။   ပြန်လည်ပါဝင်ခွင့်ရသည်နှင့်   ကော်စတာက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး သူ၏ပုံစံကောင်းကို ပြသနိုင်ခဲ့သည်။

'ကော်စတာရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်ပျော်ပါတယ်။ ဒီပွဲမတိုင်ခင်က ကော်စတာရဲ့ ပုံစံနဲ့ သူ့ရဲ့သဘောထားကို လူတွေက မေးကြပါတယ်။

အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်ဆုံးဖြတ်ချက်ကို ချမှတ်မယ်လို့ ကျွန်တော်ဖြေခဲ့ပါတယ်။ ကော်စတာက အခုလို ခြေစွမ်းပြနိုင်တော့ ကျွန်တော်အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တယ်လို့ ပြောရမှာပါ။

ကော်စတာအတွက် မေးခွန်းတွေ အဲ့ဒီလိုအမေးခံရတာက ပုံမှန်အခြေအနေပါပဲ။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးကတော့ ချယ်လ်ဆီးအသင်း၊ ချယ်လ်ဆီးပရိသတ်၊ ချယ်လ်ဆီးကစားသမားတွေနဲ့ ကျွန်တော့်အတွက် ကွင်းထဲမှာ အကောင်းဆုံးအဖြေပြန်ပေးနိုင်ဖို့ပါပဲ' ဟု ကွန်တီက ပြောဆိုခဲ့သည်။

ဟူးလ်စီးတီးအသင်းကိုအနိုင်ရခဲ့သောကြောင့် ချယ်လ်ဆီးအသင်းသည် ဒုတိယနေရာမှ အာဆင်နယ်ကို ၈ မှတ်ဖြတ်ထားနိုင်ပြီ ဖြစ်သည်။

ရည်ညွှန်း - ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags