အဆိုတော် IU နှင့် ဂျန်ကီဟာ တို့လမ်းခွဲကြောင်း တရားဝင်ကြေညာခဲ့

အဆိုတော် IU နှင့် ဂျန်ကီဟာ တို့လမ်းခွဲကြောင်း တရားဝင်ကြေညာခဲ့

နာမည်ကျော်အဆိုတော်မလေး IU နှင့် အဆိုတော်ဂျန်ကီဟာ တို့ဟာ လေးနှစ်တာ လက်တွဲခဲ့ပြီးနောက် သူတို့ရဲ့ ချစ်သံယောဇဉ်ကို တစ်ခန်းရပ် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါသည်။

ဇန်နဝါရီ ၂၃ရက်နေ့တွင် IU နှင့် ဂျန်ကီဟာ တို့ရဲ့အေဂျင်စီနှစ်ခုစလုံးက အဆိုပါသတင်းကို ထုတ်ပြန်ကြေညာခဲ့ ပြီး “ သူတို့နှစ်ယောက်ဟာ မကြာသေးခင်ကမှ လမ်းခွဲလိုက်ပြီးတော့ အကိုနဲ့နှမ ဆက်ဆံရေးမျိုးနဲ့သာ  ရှေ့လျှောက် ဆက်ဆံသွားတော့မှာပါ” ဟု ပြောခဲ့ကြပါသည်။

အဆိုတော်နှစ်ဦးစလုံးဟာ ဂျန်ကီဟာ၏ SBS Power FM ရေဒီယိုအသံလွှင့်အစီအစဉ်၌ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး သူတို့ရဲ့ချစ်သူဘဝကို ၂၀၁၃ခုနှစ်တွင်စတင်ခဲ့ပါသည်။

ထိုမှစ၍ ၂နှစ်အကြာ၌ မီဒီယာများက သူတို့နှစ်ဦး ဟာ ချစ်သူများဖြစ်နေပြီး လက်တွဲနေကြပြီဆိုတာကို ၂၀၁၅ခုနှစ်တွင် သတင်းတင်ပြခဲ့ကြသည်။ ယခု ၂၀၁၇နှစ် ဦးပိုင်းတွင် တော့သူတို့၏ ချစ်ဇာတ်လမ်းတစ်ခန်းရပ် သွားပြီဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly