ကမ္ဘာ့လစာငွေအကောင်းဆုံးကစားသမား မဟုတ်ပါဟု တီဗက်ဇ် ငြင်းဆို

ကမ္ဘာ့လစာငွေအကောင်းဆုံးကစားသမား မဟုတ်ပါဟု တီဗက်ဇ် ငြင်းဆို

ဇန်နဝါရီ ၂၂၊ တရုတ် ။            ။ ဘိုကာဂျူနီယာအသင်းမှ တရုတ်စူပါလိဂ်ကလပ် ရှင်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က ၎င်းမှာ ကမ္ဘာ့လစာငွေအများဆုံးကစားသမားမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ရှင်ဟိုင်းရှင်ဟွာအသင်းက တီဗက်ဇ်ကို တစ်ပတ်လစာငွေ ပေါင် ၆၁၅,၀၀၀ ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု တရုတ်မီဒီယာများနှင့် ကမ္ဘာ့မီဒီယာပေါင်းစုံက ဖော်ပြနေသော်လည်း တီဗက်ဇ်က သူ၏အသင်းဖော်များနှင့် ပထမဆုံးပြုလုပ်သည့် လေ့ကျင့်ခန်းအပြီးတွင် ငြင်းဆိုသွားခဲ့ခြင်း ဖြစ်သည်။

'အာဂျင်တီးနားမှာ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲစဉ်ကစားပြီးတဲ့နောက် ဘယ်ပြည်တွင်းမီဒီယာကိုမှ တရုတ်မှာ ရရှိမယ့်လစာငွေကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

လစာငွေဆိုတာ လူတိုင်းကို ပြောပြသင့်တဲ့အရာမဟုတ်ပါဘူး။ အသင်းဖော်တွေကို လေးစားရမှာပါ။ ကျွန်တော့်ရဲ့လစာငွေက ဂန္ထဝင်ကစားသမားတွေလို မမြင့်မားပါဘူး။ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို လေးစားတဲ့အနေနဲ့ လစာဘယ်လောက်ရတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး' ဟု တီဗက်ဇ်က ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required