ကယ်တင်ခဲ့သည့် ဘင်္ဂလားရွှေ့ပြောင်းအခြေချသူ ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ လွှဲပြောင်းပေးပို့

ကယ်တင်ခဲ့သည့် ဘင်္ဂလားရွှေ့ပြောင်းအခြေချသူ ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ လွှဲပြောင်းပေးပို့

ပင်လယ်တွင် သောင်တင်နေခဲ့သော လှေတစ်စီးမှ ကယ်တင်ခဲ့ပြီးနောက် တစ်လကျော် အကြာတွင် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်း အခြေချသူ ၁၅၅ ဦးကို ဇူလိုင် ၂၂ ရက်က ဘင်္ဂလားသို့ မြန်မာက ပြန်လည်လွှဲပြောင်းပေးပို့ခဲ့သည်။

နိုင်ငံသားဖြစ်မှု အခြေအနေများကို သေချာစွာစိစစ်သည့် လုပ်ငန်းစဉ်များပြီးဆုံးပြီးနောက် စီးပွားရေးအရ ရွှေ့ပြောင်း အခြေချ သူများအဖြစ် ဆုံးဖြတ်ကာ အဆိုပါ ၁၅၅ ဦးကို လက်ခံရန် သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားသည်။

လူမှောင်ခိုကူးသည့် ဂိုဏ်းများကို ထိုင်းက နှိမ်နင်းမှုကြောင့် လူမှောင်ခိုသမားများက ၎င်းတို့၏သားကောင်များအား ကုန်းနှင့်ရေပြင် တွင် စွန့်ပစ်ပြီးနောက် မေလက အရှေ့တောင်အာရှ ရေပြင်များ တွင်သောင်တင်နေခဲ့ သည့်ထောင်ပေါင်းများ စွာသောရွှေ့ပြောင်း အခြေချသူများမှာ မြန်မာနိုင်ငံမှ ဘင်္ဂါလီဆိုသူများနှင့် ဘင်္ဂလားဒေ့ရှ်မှ စီးပွားရေးအရ ရွှေ့ပြောင်းအခြေချသူများ ဖြစ်သည်။

“ဒီလူအုပ်စုဟာ မကြာသေးခင်က အိန္ဒိယသမုဒ္ဒရာဒေသမှာ ပင်လယ်ကနေ လူကုန်ကူးမှုရဲ့ သားကောင်တွေပါ” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် အာရာဖတ်ရာမန်က ဇူလိုင်၂၂ ရက်တွင် ပြောကြားသည်။

၎င်းတို့သည် မြန်မာရေပိုင်နက်တွင် လှေတစ်စင်းမှ လူ ၅၂၈ ဦးပါဝင်သော အုပ်စုတစ်ခုမှ ကယ်တင်ခံရသူများ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် ယခုနောက်ဆုံး အသုတ်အပါအဝင် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူ ၃၄၂ ဦးကို လက်ခံထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required