ဆောက်သမ်တန်အသင်းခေါင်းဆောင် ဟိုဆေးဖွန်တီကို ဝက်စ်ဟမ်းခေါ်ယူ

ဆောက်သမ်တန်အသင်းခေါင်းဆောင် ဟိုဆေးဖွန်တီကို ဝက်စ်ဟမ်းခေါ်ယူ

ဇန်နဝါရီ ၂၁၊ လန်ဒန်။           ။ ဝက်စ်ဟမ်းအသင်းသည် ဆောက်သမ်တန်အသင်းခေါင်းဆောင် ဟိုဆေးဖွန်တီကို ပြောင်းရွှေ့ကြေးပေါင် ၈ သန်း၊ နှစ်နှစ်ခွဲ စာချုပ်ဖြင့်ခေါ်ယူလိုက်သည်။

ဆောက်သမ်တန်တွင် ခုနစ်နှစ်ကြာကစားခဲ့သော အသက် ၃၃ နှစ်အရွယ်ပေါ်တူဂီဗဟိုနောက်ခံလူသည် အသင်းနှင့်စာချုပ် သက်တမ်း ၁၈ လကျန်ရှိချိန်တွင် အသင်းပြောင်းခွင့်တောင်းဆိုခဲ့သည်။

ဝက်စ်ဟမ်းကခေါ်ယူရာတွင် ထပ်ဆောင်းပြောင်းရွှေ့ကြေး ပေါင်တစ်သန်းပေးရဖွယ်ရှိသည်ဆိုသော အချက်အပြင် ဖွန်တီကို တစ်နှစ်စာချုပ်သက်တမ်းထပ်တိုးလိုကတိုးနိုင်သည်ဆိုသော အချက်လည်းပါဝင်သည်။

ဆောက်သမ်တန်ဘောလုံးဒါရိုက်တာ လက်စ်ရိဒ်က ဖွန်တီသည်အသင်းနှင့်လစာတိုးပြီးစာချုပ်ရန်အခွင့်အရေးရခဲ့သော်လည်း ထွက်ခွာရန်ကိုသာရွေးချယ်ခဲ့သည်ဟု ဆိုသည်။

ယူရို ၂၀၁၆ ချန်ပီယံဖွန်တီက ၎င်းအနေဖြင့် အခြားအသင်းများထက် ဝက်စ်ဟမ်းကိုယုံယုံကြည်ကြည်ရွေးချယ်ခဲ့ရာတွင် နည်းပြ ဘီလစ်က အဓိကကျခဲ့သည်ဟု ပြောသည်။

“သူက ကျွန်တော့်ကိုတကယ်လိုချင်ခဲ့တာလို့ ကျွန်တော်တွေးမိခဲ့ပြီး အသင်းရဲ့ရည်မှန်းချက်၊ ပရောဂျက်တွေကိုလည်း သူက ပြောပြခဲ့တယ်”ဟု ဖွန်တီက ဝက်စ်ဟမ်းအသင်းဝက်ဘ်ဆိုက်သို့ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required