ကိုရီးယားရိုးရာဝတ်စုံနှင့် ကြည့်လို့အကောင်းဆုံး အနုပညာရှင်အဖြစ် ပါ့ခ်ဘိုဂမ်နှင့်လီယောင်အေးတို့ ရွေးချယ်ခံရ

ကိုရီးယားရိုးရာဝတ်စုံနှင့် ကြည့်လို့အကောင်းဆုံး အနုပညာရှင်အဖြစ် ပါ့ခ်ဘိုဂမ်နှင့်လီယောင်အေးတို့ ရွေးချယ်ခံရ

မင်းသားပါ့ခ်ဘိုဂမ်နှင့် မင်းသမီးကြီးလီယောင်အေးတု့ိဟာ ကိုရီးယားရိုးရာဝတ်စုံဖြင့် ကြည့်၍အကောင်းဆုံး၊ အလိုက်ဖက်ဆုံး အနုပညာရှင်များအဖြစ် အရွေးချယ်ခံ ခဲ့ရပါသည်။

အွန်လိုင်းစစ်တမ်း ကောက်ခံသော PMI ဟာ အသက်၂၀နှင့်၅၀အတွင်းရှိ အမျိုးသားနှင့်အမျိုးသမီးပေါင်း ၂၀၀၀ အား မည်သည့်နာမည်ကျော် အနုပညာရှင်က   ရှေးခတ်ဒရာမာဇာတ်လမ်းတွဲများတွင် ရိုးရာဝတ်စုံ ဝတ်ဆင်ရာ၌ ကြည့်လိုအကောင်းဆုံးဖြစ်သလဲဆိုတာကို စစ်တမ်းကောက်ယူခဲ့ပါသည်။ အဆိုပါ စစ်တမ်းအရ အမျိုးသား အနုပညာရှင်များတွင် ပါ့ခ်ဘိုဂမ်ကစုစုပေါင်း၂၃.၂ရာခိုင်နှုန်း မဲရရှိခဲ့ပြီး လီယောင်အေးက၂၈ရာခိုင်နှုန်း မဲရရှိခဲ့ပါသည်။

ပြီးခဲ့သော၂၀၁၆ခုနှစ်က ထွက်ရှိခဲ့သည့် Moonlight Drawn by Clouds ဇာတ်လမ်းတွဲတွင် ပါ့ခ်ဘိုဂမ်ကို ကြိုက် နှစ်သက်သူ အများအပြားရှိခဲ့ပြီး အမျိုးသမီးများ၏ မဲ ၃၁.၅ရာခိုင်နှုန်းခန့်ရရှိခဲ့ပြီး အမျိုးသားများက ပေးသောမဲ ၁၃.၉ရာခိုင်နှုန်းခန့် ရရှိခဲ့ပါသည်။ သူ့နောက်တွင် Splendid Politics ဇာတ်လမ်းမှ မင်းသားချာဆန်းဝန် က မဲ၁၁.၆ရာခိုင်နှုန်းနှင့် Six Flying Dragons မှ မင်းသား ယူးအာအင်က မဲ၈.၈ရာခိုင်နှုန်း ရရှိခဲ့ပါသည်။

မင်းသမီးနေရာအတွက် လီယောင်အေးက အမျိုးသမီးများဆီမှ မဲ၃၃.၄ရာခိုင်နှုန်းခန့် ရရှိခဲ့ပြီး အမျိုးသားများဆီမှ ၂၂ရာခိုင်နှုန်းခန့် ရရှိခဲ့ပါသည်။ သူဟာ ရှေးခေတ်သမိုင်းဇာတ်လမ်းတွဲ Saimdang Light’s Diary ဖြင့် ရုပ်ရှင် ပရိတ်သတ်များထံ ပြန်လာတော့မည်ဖြစ်ပါသည်။ သူမ၏နောက်တွင် Goblin ဇာတ်လမ်းတွဲ၌ ဘုရင်မအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး ကင်မ်ဆိုဟွမ်းက ၁၃.၄ရာခိုင်နှုန်းနှင့် Moonlight Drwan by Clouds ဇာတ်လမ်းမှ မင်းသမီး ကင်မ်ယူးဂျန်းက ၉.၄ရာခိုင်နှုန်းဖြင့် မဲအသီးသီး ရရှိခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required