နှစ်ဦးပေါင်း အိမ်ခြံမြေပိုင်ဆိုင်မှုအများဆုံး အနုပညာရှင်စုံတွဲဖြစ်လာမည့် မင်းသား ရိန်း နှင့် ကင်မ်တေးဟီးတို့စုံတွဲ

နှစ်ဦးပေါင်း အိမ်ခြံမြေပိုင်ဆိုင်မှုအများဆုံး အနုပညာရှင်စုံတွဲဖြစ်လာမည့် မင်းသား ရိန်း နှင့် ကင်မ်တေးဟီးတို့စုံတွဲ

မင်းသားရိန်းနှင့် မင်းသမီးကင်မ်တေးဟီးတို့ဟာ ယခုနှစ်တွင် လက်ထပ်ဖြစ်ခဲ့ပါက သူတို့ဟာ အိမ်ခြံမြေတန်ဖိုး အများကြီးကို မျှဝေပိုင်ဆိုင်နိုင်တော့မည် ဖြစ်ပါသည်။

Segye Ilbo ၏တင်ပြမှုအရ အဆိုပါစုံတွဲဟာနှစ်ဦးပေါင်းပိုင်ဆိုင်မှု ခန့်မှန်းချေအမေရိကန်ဒေါ်လာ၄၂.၈သန်းရှိ သည်ဟုသိရပါသည်။

ဒါ့အပြင်နှစ်ဦးပေါင်း အိမ်ခြံမြေတန်ဖိုးအများဆုံး ပိုင်ဆိုင်သည့်တောင်ကိုရီးယား၏ အနုပညာရှင်စုံတွဲ ဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကင်မ်တေးဟီးဟာ ဒေါ်လာ၅.၁သန်းတန်ကြေးရှိသော အိမ်ကြီးတစ်ခု၊ ဂန်းနမ်းအရပ်တွင်ဒေါ်လာ ၁၁.၁သန်းတန်ကြေးရှိသော အဆောက်အဦးတစ်ခုနှင့် အခြားအိမ်ခြံမြေ ပိုင်ဆိုင်မှုများမှာလည်း ဒေါ်လာ၁၇.၁ သန်းရှိကြောင်းသိရသည်။

မင်းသားရိန်းဟာလည်း ဒေါ်လာ၅.၃သန်းတန်သောအိမ်ကြီးတစ်ခုနှင့် ဂမ်းနားအရပ်တွင် ဒေါ်လာ၂၁.၄သန်းတန် ကြေးရှိသောဈေးဝယ်စင်တာတစ်ခုကိုပိုင်ဆိုင်ထားကြောင်းသိရသည်။

ရိန်းနှင့်ကင်မ်တေးဟီးတို့ဟာလွန်ခဲ့သော၂၀၁၂ခုနှစ်တုန်းက ကြော်ငြာအတွက်ဓာတ်ပုံရိုက်ကူးစဉ်၌စတင်သိ ကျွမ်းခဲ့ပြီး ၂၀၁၃ခုနှစ်ဇန်နဝါရီ ၁ ရက်နေ့တွင်တရားဝင်ချစ်သူဖြစ်ကြောင်း   ကြေညာခဲ့ကြသည်။

၂၀၁၆ ဇန်နဝါရီ ၁၇ရက်နေ့တွင် ရိန်းက သူဟာ ကင်မ်တေးဟီးနှင့် လက်ထပ်တော့မည်ဖြစ်ကြောင်း သူ၏ အင်စတာဂရမ်၌ ကြေညာခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly