၂၀၁၅-၁၆ ခုနှစ်တွင် ကမ္ဘာ့အချမ်းသာဆုံးအသင်းအဖြစ် မန်ယူအသင်းရပ်တည်

၂၀၁၅-၁၆ ခုနှစ်တွင် ကမ္ဘာ့အချမ်းသာဆုံးအသင်းအဖြစ် မန်ယူအသင်းရပ်တည်

ဇန်နဝါရီ ၁၉၊ အင်္ဂလန် ။             ။ ငွေကြေးနှင့် စာရင်းအင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် Deloitte ကုမ္ပဏီ၏ စစ်တမ်းများအရ မန်ယူအသင်းသည် ၂၀၁၅-၁၆ ရာသီတွင် ဝင်ငွေအများဆုံးအသင်း(အချမ်းသာဆုံး)အသင်းအဖြစ် ရပ်တည်ခဲ့သည်။

မန်ယူအသင်းသည် ရီးယဲလ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ကို ဖြတ်ကျော်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ဝင်ငွေအများဆုံးအသင်းအဖြစ် ပထမဆုံးရပ်တည်နိုင်ခြင်းဖြစ်သည်။

၂၀၁၅-၁၆ ရာသီတွင် မန်ယူအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရခဲ့ပြီး ဝင်ငွေ ပေါင် ၅၁၅.၃ သန်းအထိ ရရှိခဲ့သည်။ ၂၀၁၄-၁၅ ရာသီက ပေါင် ၃၉၅.၂ သန်းသာရရှိခဲ့သည့် မန်ယူအသင်းသည် အဆင့်သုံးမှ အဆင့်တစ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းမှာ ယမန်နှစ်က ၄၃၉ သန်းရရှိပြီး ယခုနှစ်တွင် ၄၆၃ သန်းအထိ ဝင်ငွေတိုးလာသော်လည်း တတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။ ဘာစီလိုနာအသင်းမှာမူ ဒုတိယနေရာတွင်သာ ဆက်လက်ရပ်တည်ခဲ့သည်။

ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ အဆင့်လေး နေရာတွင် ရပ်တည်နေပြီး မန်စီးတီးအသင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဆင့်ငါးအတွင်း ဝင်ရောက်လာခဲ့သည်။

လက်စတာအသင်းမှာမူ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သောကြောင့် အသင်း၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အချမ်းသာဆုံးအသင်း ၂၀ စာရင်းသို့ ဝင်ရောက်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required