မာလီတွင် ကားဗုံးပေါက်ကွဲ၍ လူ ၅၀ သေဆုံးခဲ့မှုအား အမေရိကန် ပြစ်တင်ရှုတ်ချ

မာလီတွင် ကားဗုံးပေါက်ကွဲ၍ လူ ၅၀ သေဆုံးခဲ့မှုအား အမေရိကန် ပြစ်တင်ရှုတ်ချ

ဂိုယာ၊ ဇန်နဝါရီ ၁၉ ။                   ။ မာလီနိုင်ငံတွင် မြောက်ပိုင်း ဂိုယာမြို့တွင် ဖြစ်ပွားခဲ့သည့် လူ ၅၀ သေဆုံးသော ကားဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဇန်နဝါရီ ၁၈ ရက်တွင် ရှုတ်ချပြစ်တင်လိုက်သည်။

အဆိုပါ ကားဗုံးခွဲတိုက်ခိုက်မှုမှာ ဒေသတွင်း အကြီးဆုံးမြို့ဖြစ်သော ဂိုယာတွင် ၂၀၁၅ ခုနှစ်က အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် သူပုန်ဟောင်းများနှင့် ပြည်သူ့စစ်များ ရှိနေရာ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂိုယာမှာ ရှိတဲ့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ယခင်လက်နက်ကိုင်အဖွဲ့တွေ စခန်းချရာ စစ်စခန်းကို ခုလိုပြင်းပြင်းထန်ထန် တိုက်ခိုက်တာကို အမေရိကန်အနေနဲ့ များစွာရှုတ်ချပါတယ်။ ”ဟု   နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ပီတာကီဘိုင်းက ပြောသည်။

“ဒီတိုက်ခိုက်မှုက အသေခံဗုံးခွဲတာလို့ ကျွန်တော်တို့ ကြားသိရတယ်။ အသေခံဗုံးခွဲသမားက ပေါက်ကွဲရေးပစ္စည်း အပြည့်ထရပ်ကားနဲ့ ဖောက်ခွဲသွားတာဖြစ်တယ်။”ဟု ၎င်းကဆိုသည်။

“သေဆုံးသူနဲ့ သူတို့မိသားစုတွေအတွက် ကျွန်တော်တို့ ဝမ်းနည်းကြောင်း ပြောပါရစေ။ အလားတူပဲ မာလီမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးခြေလှမ်းတွေကို ဖြိုဖျက်မယ့် လုပ်ရပ်တိုင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။”ဟု ပီတာကီဘိုင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly