ထိုးစစ်ကြီးများ သုံးလတာ ဆင်နွှဲပြီးနောက် အိုင်အက်စ်လက်အောက်မှ မိုဆူးလ်မြို့အရှေ့ပိုင်းကို အီရတ်တပ်များ ပြန်သိမ်းနိုင်

ထိုးစစ်ကြီးများ သုံးလတာ ဆင်နွှဲပြီးနောက် အိုင်အက်စ်လက်အောက်မှ မိုဆူးလ်မြို့အရှေ့ပိုင်းကို အီရတ်တပ်များ ပြန်သိမ်းနိုင်

မိုဆူးလ်၊ ဇန်နဝါရီ ၁၈ ။         ။ အီရတ်တပ်ဖွဲ့များက အိုင်အက်စ်လက်အောက်တွင် ကျရောက်နေသော နိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သည့် မိုဆူးလ်မြို့ အရှေ့ပိုင်းကို ချွင်းချက်မရှိ ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ထိပ်တန်တပ်မှူးတစ်ဦးက ဇန်နဝါရီ ၁၈ ရက်တွင်ပြောသည်။

ဂျီဟတ်ဝါဒီ အိုင်အက်စ်များ ခြေကုပ်ယူထားသည့် ယင်းမြို့အရှေ့ပိုင်းကို ကြီးကြီးမားမား ထိုးစစ်များ သုံးလတာ ဆင်နွှဲပြီးနောက် ပြန်လည်လက်ရ သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်သည်။

မြို့အနောက်ပိုင်းကို ပြန်လည်သိမ်းယူနိုင်ရေး အီရတ်တပ်များအနေဖြင့် စတင်ပြင်ဆင်လျက်ရှိပြီးဖြစ်ပြီး မြို့အနောက်ပိုင်းသိမ်း ထိုးစစ်များက အိုင်အက်စ်တို့၏ နောက်ဆုံးမြို့ပြအမာခံကို သိမ်းယူခြင်းလည်း ဖြစ်မည်ဖြစ်သည်။

အချို့သော အိုင်အက်စ်တိုက်ခိုက်ရေးသမားများက အရှေ့မြောက်ပိုင်းအရပ်တွင် ခိုအောင်းနေသေးဆဲဖြစ်ကြောင်း တန်ပြန်အကြမ်းဖက်ဖြိုခွင်းရေးတပ်ဖွဲ့ အကြီးအကဲ တာလစ်ရှာဂဟတ်တီက ပြောသ်ည။

အိုင်အက်စ်များအနေဖြင့် မိုဆူးလ်မြို့၏ မြို့ဟောင်းလမ်းမြောင်များအပါအဝင် တီဂရစ်မြစ်ကမ်းရှိ မြို့အနောက်ခြမ်းအားလုံးကို ထိန်းချုပ်ထားဆဲဖြစ်ကာ အစိုးရတပ်များအတွက် စိန်ခေါ်မှုရှိနေဆဲပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required