ရုရှရန် ကြောက်ရွံ့၍ အက်စ်တိုးနီးယားပြည်သူများ လက်နက်ကိုင်တပ်များသို့ ဝင်ရောက်မှု များပြားလာ

ရုရှရန် ကြောက်ရွံ့၍ အက်စ်တိုးနီးယားပြည်သူများ လက်နက်ကိုင်တပ်များသို့ ဝင်ရောက်မှု များပြားလာ

တာလင်း၊ ဇန်နဝါရီ ၁၈ ။          ။ အရှေ့ဖျားတွင် ရုရှ၏ ငါတကောကောမှုများနှင့် ဒေါ်နယ်ထရမ့်လက်ထက် နေတိုး၏ အနာဂတ်မရေရာမှုများကြောင့် ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် အက်စ်တိုးနီးယားနိုင်ငံမှ ပြည်သူများက ပြည်သူ့စစ်ကဲ့သို့သော ဌာနေလက်နက်ကိုင်တပ်ဖွဲ့များသို့ ဝင်ရောက်မှုများ ပိုမိုများသထက်များပြားလာခဲ့သည်။

ယူကရိန်းနိုင်ငံက ခရိုင်းမီးယားဒေသကို ကျုးကျော်ဝင်ရောက်ခြင်းနှင့် ယူကရိန်းခွဲထွက်ရေးသူပုန်များကို နောက်ကွယ်က ထောက်ပံ့နေခြင်းတို့ဖြင့် ရုရှက အရှေ့ပိုင်း နယ်မြေများတွင် ခြယ်လှယ်လျက်ရှိသည်။

ထိုအတူ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် နေတိုးမဟာမိတ်အဖွဲ့၏ အနာဂတ်ကလည်း မရေမရာ ရှိနေသည်။ ဒေါ်နယ်ထရမ့်က “အမေရိကန် ပထမ” မူဝါဒကို   ကြွေးကြော်ထားခြင်းဖြစ်သည်။ အီးယူမှ ဗြိတိန်နုတ်ထွက်ခြင်းကိုလည်း ၎င်းက ထောက်ခံမှု ပြုထားသည်။

အက်စ်တိုးနီးယားနိုင်ငံသည်လည်း အခြားသော ဥရောပအရှေ့ပိုင်းနိုင်ငံများနည်းတူ ရုရှ၏ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျုးကျော်မှုနှင့် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ယူကရိန်အရှေ့ပိုင်းမှ ခွဲထွက်ရေးအုပ်စုများအပေါ် ထောက်ပံ့နေခြင်းများအတွက် စိုးရိမ်ကြောင့်ကြနေရခြင်းဖြစ်သည်။

၁၉၉၁ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စုဝင်ဖြစ်ခဲ့သော အက်စ်တိုနီးယားနိုင်ငံသည် ကုန်လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း ၎င်း၏ Kaitseliit လက်နက်ကိုင်တပ်အင်အားကို ဆယ်ရာခိုင်နှုန်းအထိ ချဲ့ထွင်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required