ဆူပူမှုဖြစ်ကာ အကျဉ်းသား အမြောက်အမြား အသတ်ခံရသည့် ဘရာဇီးအကျဉ်းထောင်တွင် ဂိုဏ်းအဖွဲ့အချင်းချင်း ရန်စောင်နေ

ဆူပူမှုဖြစ်ကာ အကျဉ်းသား အမြောက်အမြား အသတ်ခံရသည့် ဘရာဇီးအကျဉ်းထောင်တွင် ဂိုဏ်းအဖွဲ့အချင်းချင်း ရန်စောင်နေ

ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၁၈ ။            ။ ထောင်ဆူပူမှုဖြစ်ပွားခဲ့သည့် ဘရာဇီးနိုင်ငံ မြောက်ပိုင်းက အကျဉ်းထောင်တွင် တင်းမာမှုများ ပြေလည်ခြင်းမရှိဘဲ အကျဉ်းသားဂိုဏ်းအုပ်စုများက ဇန်နဝါရီ၁၇
ရက် ညမှ ဇန်နဝါရီ ၁၈ ရက်အထိ တစ်ဖွဲ့နှင့် တစ်ဖွဲ့ စောင့်ကြည့်ကာ ရန်စောင်နေသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

ရီယိုဂရန်ဒီဒိုနောတီပြည်နယ် နာတယ်လ်မြို့ရှိ အကြီးဆုံးအကျဉ်းထောင်တွင် ဇန်နဝါရီ ၁၄ ရက်က အကျဉ်းသားဂိုဏ်းအုပ်စုများကြား ပြင်းထန်သည့် ခိုက်ရန်ဖြစ်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အယ်လ်ကာကက်ဇ်အကျဉ်းထောင်တွင် ဖြစ်ပွားသော အဆိုပါ တိုက်ပွဲများအတွင်း အကျဉ်းသား ၂၆ ဦး အသတ်ခံရကာ အများစုမှာ ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်သည်။

နိုင်ငံအတွင်း ဇန်နဝါရီအစောပိုင်းကလည်း အလားတူထောင်တွင်း ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ဖူးပြီး ယင်းဖြစ်စဉ်တွင်လည်း အကျဉ်းသားပေါင်း ၁၀၀ ခန့်သေဆုံးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required