YBS စနစ်သစ်အတွက် တိုင်ကြားရန် Hot Line များ ထားရှိပေးထား

YBS စနစ်သစ်အတွက် တိုင်ကြားရန် Hot Line များ ထားရှိပေးထား

ရန်ကုန် ဇန်နဝါရီ ၁၈ ။           ။ ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်တွင် ခရီးသည်များ အဆင်မပြေမှုတွေ့ကြုံပါက YBS Hot Line နံပါတ်များသို့ ဆက်သွယ်၍ရကြောင်း YBS မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်းများက လက်ခံဖြေရှင်းပေးနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ယနေ့ပြောသည်။

“တိုင်ကြားရေးဌာနကလည်း သောကြာနေ့ပြီးရင် မလုပ်နိုင်တော့ဘူး။ ပြည်သူတွေအနေနဲ့ တိုင်ကြားထားမှုတွေ ဖြေရှင်းနိုင်ဖို့ အစိုးရက ကုမ္ပဏီတွေကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ တာဝန်လွှဲပေးမယ့် အနေအထား စဉ်းစားနေတာတော့ ရှိပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

စေတနာ့ဝန်ထမ်း တိုင်ကြားရေးဌာနမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး  ၂၀ ရက်နောက်ပိုင်းတွင် YBS Hot Line များဖြစ်သော 09 4481 47153၊ 09 4481 47154၊ 09 4481 47149၊ 09 4492 16572၊ 09 4492 16578  သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

တိုင်ကြားရေးဌာနမှ စတင်ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်မှ စတင်၍ ၃ ရက်အတွင်း တိုင်ကြားမှု ၇၀၀ ခန့် လက်ခံရရှိခဲ့ပြီး ၄၀၀ ကျော် ဖြေရှင်းပေးနိုင်ခဲ့သည်ဟု စေတနာ့ဝန်ထမ်းများထံမှ သိရသည်။ လက်ခံရရှိသော တိုင်ကြားမှုများတွင် ယာဉ်မလုံလောက်မှုနှင့် ယာဉ်ဝန်ထမ်းများ၏ ဆက်ဆံရေးရိုင်းပျမှုများအား ဖုန်းဖြင့်တိုင်ကြားမှုများလည်း ပါဝင်ကြောင်း သိရသည်။

သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံမှုများ၊ ယာဉ်မောင်းနှင့်ယာဉ်အကူများမှ ရိုင်းပျစွာပြောဆိုမှုများ ရှိပါက ဓာတ်ပုံ၊ မှတ်တမ်းနှင့်တိုင်ကြားနိုင်သည်ဟု ယမန်နေ့များက ထုတ်ပြန်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required