အချစ်မှာ မျက်စိရှိဖို့ လိုအပ်သလား

အချစ်မှာ မျက်စိရှိဖို့ လိုအပ်သလား

အချစ်မှာ မျက်စိမရှိကြဘူးလို့ လူတွေကဆိုကြတယ်။ ဒါဆိုရင်…. လူနှစ်ဦးချစ်ကြတဲ့အခါ ဘယ်အရာတွေက အရေးပါလဲ။ လူမျိုးရေး၊ ဘာသာရေး ၊ အသားအရောင် နေရာဒေသတွေတွေက တကယ်အရေးပါရဲ့လား။ ဒီအဖြေကိုသိရအောင် ကျွန်မသူငယ်ချင်းတွေကို အခုပဲ လိုက်မေးကြည့်လိုက်ရအောင်။

 

 

 

အဲဒီဟာတွေကတော့ အရေးမကြီးဘူး အဓိကကတော့ နားလည်မှု ရှိဖို့ပဲ ။  တစ်ယောက်နဲ့  တစ်ယောက်နဲ့ တစ်ယောက် အဲဒါဆို အဆင်ပြေပါတယ်။

 

 

 

 

အဲဒီဟာတွေက အရေးမကြီးဘူး။ အချစ်မှာ နားလည်မှုရှိရင် အရာရာ ပြီးပြည့်စုံတာပဲလေ။

 

 

 

 

 

 

အချစ်မှာကတော့ အဲဒီဟာတွေက အရေးမကြီးလောက်ပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦးကြားမှာတော့ အချစ်ဆိုတာ ဘာမှ မလိုအပ်ဘူးပေါ့နော်။ အဖြူထည်သက်သက်ပေါ့ ။ ဒါပေမယ့် မိဘတွေနဲ့ယှဉ်ပြီး ပြောမယ်ဆိုရင်တော့ အချစ်ဆိုတာ ဒီ လူမျိုးရေးကတော့ အဓိကပေါ့နော် ။ လူမျိုးရေးတွေ ရှိလာမယ်။ နောက်ပြီးတော့ ပိုက်ဆံကိစ္စတွေ ရှိလာမယ်။ အဲဒါဆို အဆင်မပြေတာတွေ ရှိလာမယ်။

 

 

 

အချစ်မှာ အဲဒီဟာတွေက အရေးမကြီးဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူကလည်းချစ်နေမယ်။ ကိုယ်ကလည်း ချစ်နေမယ်ဆို အဆင်ပြေတာပေါ့နော် ။ အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိနေဖု့ိပဲ။

 

 

 

အဲဒီဟာတွေက အဓိက မကျပါဘူး။ အဲဒီဟာတွေက ပကာသနတွေ တကယ်ချစ်ရင်တော့ အဲဒီဟာတွေက ဘာမှ မလိုအပ်ပါဘူး။

 

 

 

 

အရေးမကြီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချစ်မှာ ဘယ်လိုအချစ်မျိုးပဲ ဖြစ်ဖြစ်လေ။ လူမျိုးကွဲတာပဲ ဖြစ်ဖြစ်၊ ဘာသာကွဲတာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှု ရှိရင် သူငယ်ချင်း အချစ်ဆိုလည်း ပေါင်းလို့ သင်းလို့ ရတယ်။ သမီးရည်းစားဆိုလည်း ဘယ်လိုအချစ်မျိုးပဲ ဖြစ်ဖြစ် နားလည်မှုရှိဖို့က အရေးကြီးပါတယ်။

 

 

 

လူတိုင်းမှာတော့ အချစ်ဆိုတာ ကိုယ်စီရှိတာပဲ ။ ဒါပေမယ့် အဲဒီ အသားအရောင်တွေက မဆိုင်ပါဘူး ကိုယ်ချစ်နေဖို့ သူချစ်နေဖို့က အဓိကပဲ ။

 

 

 

 

ဘာသာရေးတော့ အရေးကြီးတယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားအရောင်တွေ ယဉ်ကျေးမှုတွေက ကိုယ့်ဘာသာကိုယ် ညှိယူရင် အဆင်ပြေနိုင်သေးတယ်လေ။ ဘာသာရေးကတော့ အဆင်ပြေမယ်မထင်ဘူး။ သူတို့ တကယ်လို့ နောက်ပိုင်းလက်ထပ်ဖြစ်လာတယ်ဆိုရင် ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူတို့ လမ်းခွဲမှုတွေ ပြန်ဖြစ်လာနိုင်တယ်။ အဲဒီတော့ ဘာသာရေးကတော့ အရေးကြီးတယ်လို့ ထင်တယ်။

 

 

နိုင်ငံရေးတို့၊ ဘာသာရေးတို့ ၊ အသားအရောင်တွေက မဆိုင်ပါဘူး။ အဓိကကတော့ သူချစ်ရင် သူချစ်ကိုယ်ချစ်ပေါ့ဗျာ အဲဒါဆိုရင် အဆင်ပြေပါတယ်။

 

 

 

 တကယ်တော့ အချစ်ဆိုတာ လူနှစ်ဦးရဲ့ ချစ်တက်တဲ့ စိတ်ပါပဲ။ လူမျိုး ဘာသာ အသားအရောင်တွေနဲ့ နေရာဒေသတွေက အချစ်မှာ တကယ်အရေးပါသလားဆိုတာကိုတော့ ကျွန်မသူငယ်ချင်းတွေက အခုလို ပြောခဲ့ကြတာပါ။ Yope သူငယ်ချင်းတို့မှာလည်း…..အချစ်မှာ အဲဒီဟာတွေက တကယ်အရေးပါလားဆိုတာကို ကျွန်မတို့ Yope FB နဲ့ Web တွေမှာ ဝင်ရောက်ပြီး ကွန်းမန့်လေးတွေပေးခဲ့ကြပါဦး။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required