ဘတ်စ်ကားစီးရာတွင် ကြံုတွေ့ရတဲ့ အခက်အခဲများအတွက် ဝန်ကြီးချုပ်တောင်းပန်

ဘတ်စ်ကားစီးရာတွင် ကြံုတွေ့ရတဲ့ အခက်အခဲများအတွက် ဝန်ကြီးချုပ်တောင်းပန်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။          ။ ရန်ကုန်တိုင်းအတွင်း အများပိုင်ယာဉ်လိုင်းများစနစ် ပြောင်းလဲကျင့်သုံးခြင်းကြောင့် ခရီးသွားပြည်သူများကြုံတွေ့ နေရသည့် အခက်အခဲများအတွက် တောင်းပန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

"စနစ်ကြီးတစ်ခု ပြောင်းလဲလိုက်တဲ့ အခြေအနေမှာ အားလုံးအခက်ကြုံရမှာပဲ။ အသစ်တစ်ခုကို ကိုယ်စလုပ်ရတာကိုး။ သည်းခံစိတ်ရှည်ပြီး ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော့်ဖက်က   ကျေးဇူးတင်ကြောင်း   ပြောချင်ပါတယ်။ သူတို့အတွက် အခက်အခဲ၊ အနှောင့်အယှက်ဖြစ်ရင် ကျွန်တော်တောင်းပန်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ၅၆ အား သခင်မြပန်းခြံမှ ဗိုလ်ချုပ်လမ်းအတိုင်း လမ်း၅၀ မှတ်တိုင်ထိ စီးနင်းခဲ့စဉ်အတွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

"အစဆိုတော့ မှတ်တိုင်ကဘယ်မှာရှိမှန်း ဘယ်လိုစီးရမှန်း သိပ်မသိသေးဘူးပေ့ါ၊ အလေ့အကျင့်တစ်ခု ရသွားမှာပေါ့။ နောက်ပိုင်းကျရင် ကားတွေဒီထက်ပိုကောင်းအောင် အဆင့်မြှင့်တင်အောင် လုပ်သွားပါမယ်" ဟု  ဦးဖြိုးမင်းသိန်းက လိုက်ပါစီးနင်းစဉ် ခရီးသွားပြည်သူတွေကို မေးမြန်းခဲ့တာကို တွေ့မြင်ခဲ့ရသည်။

ယခုပြောင်းလဲသည့်စနစ်ကို နောက်သုံးလအကြာတွင် ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး အကြံပြုချက်များကို နားထောင်ကာ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်သွားမည်ဟု ဦးဖြိုးမင်းသိန်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required