အံ့အားသင့်ဖွယ်ခေါ်ယူမည့်ကစားသမားမှာ တိုက်စစ်မှူး မဟုတ်ဟု ဗန်ဟားလ် ဖွင့်ဟ

အံ့အားသင့်ဖွယ်ခေါ်ယူမည့်ကစားသမားမှာ တိုက်စစ်မှူး မဟုတ်ဟု ဗန်ဟားလ် ဖွင့်ဟ

ဇူလိုင် ၂၂၊ ကယ်လဖိုးနီးယား။ ။ မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က အံ့အားသင့်ဖွယ်ခေါ်ယူမည့်ကစားသမားမှာ တိုက်စစ်မှူး မဟုတ်ဟု ဖွင့်ဟ ပြောဆိုလိုက်သည်။

ဗန်ဟားလ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အံ့အားသင့်ဖွယ်ကစားသမားခေါ်ယူမှုပြုလုပ်မည်ဟု ပြောဆိုခဲ့ရာတွင် မီဒီယာများက တိုက်စစ်မှူးဖြစ်မည်ဟု ခန့်မှန်းရေးသားနေသည့်အတွက် ဗန်ဟားလ်က San Jose Earthquakes အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

'တိုက်စစ်မှူး ခေါ်ယူမယ်ဆိုပြီးတော့ ကျွန်တော် သတင်းတွေဖတ်ရပါတယ်။ ဒါက မမှန်ပါဘူး။ ကျွန်တော်တို့မှာ ရွန်နီရှိပါတယ်။ သူက တိုက်စစ်မှူး နေရာမှာ ကစားနိုင်ပါတယ်။ မီဒီယာတွေက ရွန်နီကို ဒီနေရာမှာ ထားကစားသင့်တယ်လို့ ရေးကြပါတယ်။ ဒါကို ကျွန်တော်နားထောင်ခဲ့ပါတယ်။ အခု တိုက်စစ်မှူးနေရာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ကြပြန်ပါပြီ။ ခင်ဗျားတို့ ဘာကို လိုချင်သလဲဆိုတာ ကျွန်တော်မသိတော့ပါဘူး။ တိုက်စစ်မှူး နေရာမှာ ဟာနန်ဒက်ဇ်၊ ဒါမှမဟုတ် ဝီလ်ဆင်တို့လည်း ဖြစ်နိုင်ပါတယ်' ဟု ဗန်ဟားက ပြောသည်။

ထို့ပြင် ဗန်ဟားလ်က အံ့အားသင့်ဖွယ်ခေါ်ယူမှုသည် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး စောင့်ကြည့်ကြပါဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly