ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရနှင့် ကိုးကန့်တပ်ဖွဲတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတွင်လည်း ရွေးကောက်ပွဲများကို ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၂ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ကျွန်တော်တို့ ကော်မရှင်အဖွဲ့ဝင်တွေ သွားနေပြီ မဲစာရင်းတွေကို ရနိုင်သလောက် ကောက်နေပါတယ်။ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပပေးမယ်။ ကိုးကန့်မှာဖြစ်ကိုဖြစ်မယ်" ဟု ဦးတင်အေးက အာမခံ ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသိအမှတ်ပြုပြဌာန်းထားသည်။

ကိုးကန့်ဒေသ လောက်ကိုင်နှင့် ကုန်ကြမ်းတွင် အစိုးရနှင့် ကိုးကန့်တပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၉ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မေလ ၂၂ရက်တွင် ကိုးကန့်အဖွဲ့၏ အခြေပြုခံစစ်ဆင်ထားသည့် ပွိုင့် ၁၇၈၈ တောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ထုန်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly