အဖြစ်များသော သက်ငယ်မုဒိမ်းမှုများအတွက် မိဘများအား ပညာပေးဆွေးနွေးသွားရန်ရှိ

အဖြစ်များသော သက်ငယ်မုဒိမ်းမှုများအတွက် မိဘများအား ပညာပေးဆွေးနွေးသွားရန်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၆ခုနှစ်အတွင်း မုဒိန်းမှု ၁၈၉ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိန်းမှုမှာ ၁၁၁မှုအထိ ဖြစ်ပွားခဲ့သောကြောင့် မိဘများအား ပညာပေးဆွေးနွေးရေးများ လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ် ဦးစီး (ပ)(ဦး/ရေး/ထောက်)က မဇ္ဈိမသို့ ပြောသည်။

"သက်ငယ်မုဒိန်းမှုတွေက တောတွေမှာ အဖြစ်များတယ်။ တောနေပြည်သူလူထုတွေဟာ အရွယ်မရောက်တဲ့ကလေးတွေကို တစ်ယောက်တည်း တောထဲမှာ ထင်းခွေခိုင်းတာတို့ တစ်ခြားအလုပ်တွေ ခိုင်းတာတို့၊ မိဘတွေမရှိဘဲ  ကလေးတွေတစ်ယောက်တည်းထားပြီး သွားလာတာတို့မလုပ်ဖို့၊ ညအချိန်တွေမှာ ကလေးတွေကို မလွှတ်ဖို့တစ်ယောက်တည်အဖော်မပါပဲ သွားတာလာတွေကို မိဘတွေကို ပညာပေးဖို့ ဒီနှစ်မှာ မှုခင်းကျဆင်းရေးဆောင်ရွက်တိုင်း မိဘတွေ ဘယ်လိုနေထိုင်ရမယ်ဆို အဓိကထားပြီး ပညာပေးဆွေးနွေးသွားဖို့လည်း ရှိပါတယ်"ဟု ဧရာဝတီတိုင်းဒေသကြီးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ခင်မောင်လတ်က မှုခင်းကျဆင်းရေးနှင့်ပတ်သက်ပြီး မဇ္ဈိမသို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းမှုများ၌ တောနယ်တွင် ၁၀၅ မှု ဖြစ်ပွားပြီး၊ မြို့ပေါ်တွင် ၆ မှု ၊ သက်ငယ်မုဒိန်းမှုများတွင် ၅၅ မှု ဖြစ်ပြီး ညဘက်တွင် ၅၆ မှု ဖြစ်ပွားခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

“ သက်ငယ်မုဒိမ်းမှုတွေ တိုးတာ အရင်က ၁၄နှစ် သတ်မှတ်တာက၊  အခု ၁၆နှစ် သတ်မှတ်တာကြောင့်လည်း ပါတယ်။ မုဒိမ်းမှုတွေက အနေနီးစပ်တာတို၊့ယုံကြည်မှုလွန်ကဲတာတို့ အဲဒါတွေဖြစ်တာများတယ် ” ဟု မှုဒိမ်းမှု တိုးလာခြင်းကို ဒုရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

မှုခင်းတွေကျဆင်းလာရန် ရဲတပ်ဖွဲ့တစ်ခုတည်း မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံက ကျေးရွာအုပ်ချုပ်အဖွဲ့အစည်းတွေ ၊ ပညာရေးဌာနတွေ၊ ကျန်းမာရေးဌာနတွေ စုပေါင်းပြီး အသိပညာပေးမှသာ  မှုခင်းများ လျော့နည်းသွားမှာဖြစ်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required