အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်ကို တန်ပြန်မည့် အစီအမံ ရုရှနှင့် တရုတ် လုပ်ဆောင်ရန် သဘောတူ

အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်ကို တန်ပြန်မည့် အစီအမံ ရုရှနှင့် တရုတ် လုပ်ဆောင်ရန် သဘောတူ

ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၃ ။                    ။ တောင်ကိုရီးယားတွင် ဖြန့်ကျက်ရန် စီစဉ်နေသည့် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်ကို တန်ပြန်မည့် အစီအမံများအား ဖော်ဆောင်သွားရန် တရုတ်နှင့် ရုရှတို့ သဘောတူလိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဇန်နဝါရီ ၁၃ ရက်တွင် ဖော်ပြသည်။

တရုတ်နှင့် ရုရှ၏ လုံခြုံရေးအတွက်နှင့် ဒေသတွင်း မဟာဗျူဟာအင်အားချိန်ခွင်မျှရေးအတွက် တန်ပြန်လုပ်ငန်းစဉ်များ ဖော်ဆောင်ဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆင်ဟွာက တရုတ်-ရုရှလုံခြုံရေး အစည်းအဝေးအပြီး ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြသည်။

အမေရိကန်က မြောက်ကိုရီးယား၏ မည်သို့သောခြိမ်းခြောက်မှုမျိုးကိုမဆို တန်ပြန်ချေဖျက်ရန် ဒုံးခွင်းဒုံးစနစ်အား တောင်ကိုရီးုယားတွင် ဖြန့်ကြက်ထားရေး ဝါရှင်တန်နှင့် ဆိုးလ်အကြား ဆွေးနွေးမှုများ စတင်ခဲ့ချိန်တွင် ပြီးခဲ့သည့် နှစ်မေလက တရုတ်နှင့် ရုရှတို့ကလည်း ဒုံးကျည်ဖြိုဖျက်ရေး ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့သည်။

အမေရိကန်၏ ဒုံးခွင်းဒုံးစနစ် THAAD ကို တောင်ကိုရီးယား၏ ဂေါက်ကွင်းတစ်ကွင်းတွင် ဖြန့်ကြက်ဖို့ရန် ရှိနေပြီဖြစ်ရာ တရုတ်နှင့် ရုရှတို့အတွက် ထိုစနစ်၏ အဆင့်မြင့်ရေဒါက ၎င်းတို့၏ လုံခြုံရေးကို ထိခိုက်စေမည်ဖြစ်သကဲ့သို့ ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုများ ဖြေလျှော့ဖို့ တတ်နိုင်မည် မဟုတ်တော့သည်ကို စိုးရိမ်လျက်ရှိနေသည်။

ယခုနှစ်အတွင်း ဒုတိယအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက တရုတ်နှင့် ရုရှက ပြောထားသည်။

“တရုတ်နဲ့ ရုရှက အမေရိကန်နဲ့ တောင်ကိုရီးယားကို တိုက်တွန်းထားတယ်။ ၎င်းတို့ရဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးရေးနဲ့ ကိုရီးယားကျွန်းဆွယ်မှာ THAAD ဒုံးခွင်းစနစ် ဖြန့်ကျက်ခြင်းကို ရပ်ဖို့ တိုက်တွန်းထားတယ်။”ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags