ငြိမ်းချမ်းရေးအတွက် အသုံးစရိတ် (အပိုင်း ၂)

12 January 2017
ငြိမ်းချမ်းရေးအတွက် အသုံးစရိတ် (အပိုင်း ၂)
 

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Groupအ

အဲဒီတော့ ဘယ်လောက်ပဲသုံးသုံး ကြည်ဖြူစွာနဲ့ ခွင့်လွှတ်မယ်ဆိုတော့ တကယ့်တကယ်ရော ငြိမ်းချမ်းရေးက ကျွန်တော်တို့ အဲဒီမှာ ငွေတွေ ပုံအောသုံးပြီးတော့မှ ငြိမ်းချမ်းရေးအတွက်ကို တကယ့်ကို စေတနာပါပါနဲ့ လုပ်ကြပြီ အဲဒီလို စေတနာပါပါနဲ့ လုပ်ဖို့အဖွဲ့တွေ ရှိမှာပေါ့နော်။ ဥပမာဆိုကြပါစို့ အစိုးရရှိမယ်၊ တပ်မတော်ရှိမယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေရှိမယ်၊ အဲတော့ သူတို့ကရော သူတို့အခြေအနေကို ဘယ်လိုသုံးသပ်သလဲ။ ကျွန်တော်တို့က ပြီးခဲ့တဲ့အချိန်မှာတော့ ပိုက်ဆံတွေက တော်တော်များများ သုံးခဲ့ပြီးပြီပေါ့။ ဆိုတဲ့အခါကျတော့ ထပ်သုံးမယ် အဲဒီတော့ သူတို့အနေနဲ့ရော ဘာတွေများ ပြင်ဆင်ထားသင့်သလဲ။

ဒေါက်တာ ရန်မျိုးသိန်း

နိုင်ငံရေး လေ့လာသုံးသပ်သူ

ကျွန်တော်ကတော့ အစိုးရရယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရယ် နောက် အလှူရှင်တွေရယ်ပေါ့ အဲလို သုံးဦးသုံးဖလှယ်မှာ ကျွန်တော်အနေနဲ့အားဖြင့် ပူးပေါင်းဆောင်ရွက်မှုက ထိရောက်ဖို့လိုတယ်ပေါ့။ ခုနက ဆရာမပြောသလိုပဲ ကျွန်တော်တို့က လိုအပ်ချက်တွေကို သိမှလည်း ကျွန်တော်တို့က ဒီလိုအပ်ချက်တွေဆိုတာကို စဉ်းစားလို့ရမှာ။ သဘောက အခြေအနေမှန်တွေနဲ့ ကင်းကွာနေရင်လည်းပဲ ဒီရန်ပုံငွေတွေ သ့ုးစွဲမှုကလည်းပဲ ထိရောက်တဲ့အပိုင်းကို မရောက်နိုင်ဘူးလို့ ကျွန်တော်ကတော့ သုံးသပ်တယ်။ အဲတော့ ကျွန်တော်ကတော့ ကျွန်တော်အနေနဲ့ အမြင်ကို နောက်တစ်ချက်အနေနဲ့ ပြောရရင် ဥပမာ ကျွန်တေ်ာတို့အားလုံးလည်းသိတယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ပြင်ဆင်နေတယ်။ မူလက ကျွန်တော်တို့ နိုဝင်ဘာမှာ လုပ်ဖို့ပြင်ဆင်တယ်။ ဒါပေမယ့် ဒီဇင်ဘာရောက်တဲ့အထိ မလုပ်နိုင်သေးဘူး။ ဒါပေမယ့် ဒီအမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို လျာထားတဲ့ ဘတ်ဂျက်တွေက အမေရိကန်ဒေါ်လာ ၆ သန်းလောက် လျာထားတယ်။ အဲတော့ တကယ်တမ်းပြောမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၆ သန်းဆိုတဲ့ ငွေပမာဏက အရမ်းများတယ်။ အဲတော့ ဒီ ၆ သန်းကို ကျွန်တော်တို့က နိုင်ငံတကာကနေ အကူအညီယူဖို့ လျာထားတယ်ပေါ့လေ။ ဥပမာ အမေရိကန်ပြည်ထောင်စု အီးယူ၊ နော်ဝေ၊ အဲဒီအပြင် တရုတ်ပြည်သူသမ္မတပါ ပါတယ်ပေါ့။ အဲတော့ အဲဒီလောက် များပြားတဲ့ ငွေကြေးပမာဏကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် သုံးမယ်ဆိုရင် ကျွန်တော်အမြင်ကတော့ အဲဒီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြင်ဆင်တဲ့ကာလမှာလည်းပဲ စနစ်ကျဖို့လိုအပ်တယ်။ ထိရောက်ဖို့လည်းလိုအပ်တယ်။ နောက် အဲဒီငွေတွေကို သုံးစွဲပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အချိန်မှာလည်းပဲ တကယ်စနစ်ကျပြီး ထိရောက်ဖို့လိုတယ်။ နောက် အဲဒီရဲ့ ရလဒ်ဟာလည်းပဲ တကယ် ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ တကယ် အကျိုးပြုနိုင်မယ့် ရလဒ်မျိုးဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလုပ်ငန်းစဉ်တိုင်းမှာ ပြည်သူလူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ကိုလည်း ခွင့်ပြုပေးဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကူအညီတွေက ပြည်သူလူထုတစ်ရပ်လုံးကို ရည်ရွယ်ပြီးပေးတယ်လို့ ကျွန်တေ်ာက နားလည်ထားတာ။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆိုတော့ ကျွန်တော်တို့ လက်တလောကြည့်မယ်ဆိုရင်တော့ အပြင်ကနေ ကြည့်မယ်ဆိုရင်တော့ ပိုက်ဆံအကြောင်းပဲ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အခမ်းအနားတွေလုပ်တယ်။ ဘယ်လောက်ကုန်တယ် ညာလောက်ကုန်သွားတယ် ဒီအလှူတွေက အောက်ခြေကိုမရောက်ဘူးဆိုတာက ခုနကပြောတဲ့ ကျွန်တော်လည်း မနေ့က အင်တာဗျူးခဲ့ပါတယ် ဒီ အဲဒီအမျိုးသမီးပြောတဲ့အထဲမှာ ၁၀ ပေပတ်လည်ထဲမှာ မိသားစု ၁၀ ယောက်လောက် နေရတဲ့အနေအထား ဖြစ်နေတယ်။ အဲတော့ ကျွန်တော်တို့က ဒီလိုမျိုး ဒုက္ခသည်တွေကိုလည်း အကူအညီမပေးသင့်ဘူးလား အဲဒီအတွက်ရော ဒီအလှူရှင်တွေက မပေးသင့်ဘူးလား။ အဲဒီအတွက်ရော ပြည်ထောင်စုလွှတ်တော်က ဘတ်ဂျက် မချပေးသင့်ဘူးလား။ ဆရာ ဘယ်လိုမြင်လဲ။

ဦးဇော်ဖေဝင်း

ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်

အဲဒါကတော့ ကျွန်တော်တို့ နောက်တစ်ဆင့်သွားရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ အဲဒါတွေကို လုပ်ပေးရင်လည်းပဲ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်နေတဲ့အတွက် ထိရောက်မှာမဟုတ်ဘူး။ ခဏလေးနဲ့လည်း ပြန်ပျက်ချင်ပျက်သွားမယ်။ ဥပမာ တချို့နေရာတွေမှာဆိုလို့ရှိရင် တစ်ဖက်က တည်ဆောက်ရေးလုပ်သွားတယ်။ တစ်ဖက်က မီးလာရှို့သွားတယ် စသည်ဖြင့်ပေါ့ အဲလိုမျိုးတွေ တွေ့ရတယ်။ အဲတော့ ကျွန်တော်တို့တွေက အရင်ဆုံးက ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေအတွင်းမှာ နားလည်မှု တည်ဆောက်ရမယ်။ နားလည်မှု တည်ဆောက်မှသာလျင် ကျွန်တော်တို့က တည်ဆောက်ရေးတွေကို ဆက်ပြီးတော့ လုပ်လို့ရမယ်။ အဲဒါကျမှသာလျင် ပြည်သူလူထုလိုအပ်တဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့က ဖြည့်ဆည်းပေးတာဟာ ကုန်ရကျိုးနပ်မယ်လို့ ကျွန်တော် ယူဆပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာမအနေနဲ့ ကျွန်တေ်ာတို့ CSO တွေအနေနဲ့ရော ဘာတွေများ အကူအညီတွေ ထပ်ပြီးတော့ ပေးနိုင်လဲ။ ဒီငြိမ်းချမ်းရေးအတွက်ပေါ့နော်။ ခုနက ငွေရေးကြေးူရေးအတွက်ရော နိုင်ငံတကာအကူအညီကလည်းရမယ် ပြည်ထောင်စုအစိုးရကလည်း ထောက်ပံ့ပေးမယ်ပေါ့ ဆိုတော့ CSO တွေကရော ဒီငြိမ်းချမ်းရေးအတွက် ဘာတွေများ အကူအညီ ပေးနိုင်ဦးမလဲ။

ဒေါ်နန်းဖြူဖြူလင်း (ပဲ့ကိုင်ကော်မတီဝင်)

(Alliance for Gender Inclusion in the Peace Procwess)

အခု ကျွန်မတို့တွေ လုပ်နေတာ နှစ်ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းက မူဝါဒတွေကို ရေးဆွေးနေတဲ့သူတွေကို ကျွန်မတို့လိုချင်နေတဲ့ မူဝါဒဖြစ်အောင် ပြောဆိုလာတာ ဥပမာဆိုလို့ရှိရင် ငြိမ်းချမ်းရေးအတွက် အလှူရှင်တွေကို ကျွန်မတို့က တောင်းဆိုတဲ့အချက် ၂ ချက်ရှိတယ်။ ပထမတစ်ခုကတော့ သူတို့ပေးမယ့် ငြိမ်းချမ်းရေးအတွက် ဘတ်ဂျက်တွေထဲမှာ အနည်းဆုံး ၁၅ ရာခိုင်နှုန်းက ကျားမ တန်းတူညီမျှရေး ဖြစ်ဖို့အတွက်ကို ပေးပေးပါ။ အဲလိုမျိုး ပါတော့မှပဲ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ် CSO ပဲဖြစ်ဖြစ် သူတို့တွေ ထောက်ပံ့မယ်ဆိုရင်တော့ ၁၅ ရာခိုင်နှုန်းပါ။ အဲဒါက ဘယ်မှာသုံးလို့ရလဲဆိုတော့ အမျိုးသမီးတွေ နိုင်ငံရေးဆွေးနွေးပွဲမှာ လာချင်တယ်။ သူတို့အတွက် စရိတ်မရှိဘူး။ စရိတ်မရှိလို့ရှိရင် ရော အဲဒီကနေ စရိတ်သုံးလို့ရတယ် ပြီးရင် ခုနကတုန်းက IDP မှာရှိနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေအတွက်လည်း အဲဒီ ၁၅ ရာခိုင်နှုန်းကနေလည်း ကျွန်မတို့ ယူသုံးလို့ရတယ်။ ပြီးတော့ တစ်ပြိုင်တည်းမှာပဲ အသိပညာပေးတွေလည်း လုပ်နေတယ်။ ငြိမ်းချမ်းရေးဆိုတာ လူသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်မတို့ လူသားတစ်ဦးချင်းစီ အမျိုးသားအမျိုးသမီး ကလေးသူငယ် မသန်စွမ်း အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဆိုတာလည်း အသိပညာပေးဖို့လိုတယ်။ ပြီးတော့ နိုင်ငံတကာအလှူရှင်တွေကိုလည်း ကျွန်မတို့က မေးခွန်းတွေလည်း ပြန်ပြန်ထုတ်တယ်။ အခုဆိုရင်လည်း ဆရာပြောသွားတဲ့အထဲမှာ အများကြီးပါပဲ ငြိမ်းချမ်းရေးအတွက် လှူတဲ့ငွေတွေရှိသလို စီးပွားရေးအတွက် ရင်းနှီးမြှုပ်နံှ့တဲ့ နိုင်ငံခြားက အဲဒီ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးတဲ့ နိုင်ငံက စီးပွားရေးအတွက် ရင်းနှီးမြှုပ်နံှ့တဲ့ငွေတွေ ရှိပါတယ်။ အဲဒီစီးပွားရေးကနေ သူတို့ပြန်ရသွားတာလည်း အများကြီးရသွားရှိပါတယ်။

ဒါဆိုရင် အဲဒီ သူတို့ရတဲ့ စီးပွားရေးအကျိုးအမြတ်ကနေ ဒီငြိမ်းချမ်းရေး မရသေးတဲ့အတွက်ကြောင့် ခံစားနေရတဲ့ ပြည်သူတွေကို ဘယ်နှစ်ရာခိုင်နှုန်းများ ပြန်ပြီးတော့ ပေးနေလဲ ပြီးရင် အပစ်ရပ်ဖို့အတွက်ကို နှစ်ဖက်ကို သူတို့ သွားပြီးတော့ ပြောတဲ့နေရာမှာပဲဖြစ်ဖြစ် အဲဒီနေရာတွေအတွက်ရော သူတို့ ဘယ်လောက်များ သုံးနေပါပြီလဲ။ ပြီးရင် ကျွန်မတို့ နိုင်ငံတော်ဘတ်ဂျက်မှာဆိုလို့ရှိရင်လည်း အများကြီးရှိပါတယ်။ ကျွန်မတို့ စစ်တမ်းလုပ်ထားတဲ့ အထဲမှာဆိုရင် မြန်မာနိုင်ငံမှာ ၂၀၁၅ စစ်အသုံးစရိတ်က ၁၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ပြောတဲ့အခါမှာလည်း သူများတွေ အဲဒီအသိုင်းအဝိုင်းကတော့ ပြန်ပြောတယ် တခြားနိုင်ငံတွေနဲ့ သာတယ်ဆိုရင် တို့စစ်အသုံးစရိတ်ကတော့ နည်းနေပါသေးတယ်။ ဘာကြောင့်လဲလို့ ပြန်စဉ်းစားလိုက်တဲ့အခါမှာ ကျွန်မတို့က စစ်အသုံးစရိတ်ဆိုလို့ရှိရင်လည်း အကျိုးရှိရှိ သုံးစေချင်တယ်။ အခုဟာက ပြန်ပြီးတော့ သုံးသပ်ကြည့်လိုက်တော့ ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်း စစ်အသုံးစရိတ်က စစ်လက်နက် ဝယ်ယူရေးမှာ ဖြစ်ပြီးတော့ အဲဒီ လူသားအရင်းအမြစ် စစ်သားတွေရှိမယ်၊ စစ်ဗိုလ်တွေရှိမယ်၊ သူတို့အတွက် လခပဲဖြစ်ဖြစ် သူတို့ကို Professoinal တကယ့်ကို လူသားဆန်ဆန် နည်းပညာတွေ သင်ပေးတဲ့အခါမှာ အသုံးချမှုက နည်းပါးနေသေးတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်မတို့က ညီမျှစေချင်တာပါ။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာမပြောသွားတာကတော့ နိုင်ငံတော်ဘတ်ဂျက်တွေကို ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးပြုမလဲဆိုတာကို ပြောသွားတာဖြစ်ပါတယ်။ ဆရာ ဒေါက်တာရန်မျိုးသိန်းကို ကျွန်တော် ထပ်မေးပါရစေ။ ခုနကပြောတဲ့အထဲမှာ ဒေါ်လာ ၆ သန်းသုံးပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သုံးမယ်ဆိုရင် ဒါဟာ တော်တော်များတဲ့ ငွေကြေးပမာဏလို့ ပြောရင် ကျွန်တော်တို့ ဒီလိုမျိုးက ဒေါ်လာ ၆ သန်းက ကုန်ရောကုန်သင့်လဲ ကုန်ရောကုန်ထိုက်ရဲ့လား အဲဒီ ဒေါ်လာ ၆ သန်းနဲ့တန်တဲ့ အကျိုးရလဒ်ရော ပြန်ရမယ်လို့ ဘယ်လောက်ထိ မျှော်မှန်းနိုင်မလဲ။

ဒေါက်တာ ရန်မျိုးသိန်း

နိုင်ငံရေး လေ့လာသုံးသပ်သူ

ကျွန်တေ်ာအမြင်ကတော့ ဒါ လက်ရှိအခြေအနေမှာတော့ သုံးတော့မသုံးရသေးဘူးလေ။ ဒါပေမယ့် သုံးတဲ့အခါမှာ အခုချိန်မှာ မသုံးရသေးတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဒါတွေကို ထည့်စဉ်းစားပြီးတော့ စနစ်ကျအောင် ကြိုပြီးတော့ ပြင်ဆင်လို့ရတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒါက အစိုးရမှာလည်း တာဝန်ရှိမယ်၊ လွှတ်တော်မှာလည်း တာဝန်ရှိမယ်၊ နောက်ပြီးတော့ သတင်းမီဒီယာတွေမှာလည်း တာဝန်ရှိမယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိမယ်၊ ပြည်သူလူထုတစ်ရပ်လုံးမှာလည်း တာဝန်ရှိမယ်။ သဘောကတော့ ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ရန်ပုံငွေတွေကို တကယ်ထိထိရောက်ရောနဲ့ သုံးစွဲတာ ရှိမရှိဆိုတာကို အားလုံး ဝိုင်းပြီးတော့ စောင့်ကြည့်ဖို့ လိုအပ်မယ်လို့တော့ ကျွန်တော်မြင်တယ်။

နောက်တစ်ချက်က ကျွန်တော် ဘာလေးပြောချင်လဲဆိုတော့ ကျွန်တေ်ာအမြင်က အရင် ပထမအကြိမ် အစိုးရသက်တမ်းမှာ ကျွန်တော်ထင်တယ် ၂၀၁၂ ခုနှစ်ကလို့ ထင်တယ်။ အဲဒီတုန်းက ဒီ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ရန်ပုံငွေထားတဲ့ဟာမျိုးကို အတည်ပြုခဲ့တာရှိတယ်။ ဥပမာ ကျွန်တော်မသိတာကလည်း လက်ရှိအခြေအနေမှာ ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ရန်ပုံငွေက သီးသန့်ခေါင်းစဉ်အနေနဲ့ ရှိတယ် မရှိဘူးဆိုတာကတော့ ကျွန်တော်လည်း သေချာမသိဘူး။ ဒါပေမယ့် ကျွန်တော်က ဘာစဉ်းစားမိလဲဆိုတော့ လက်ရှိအခြေအနေမှာ ပဋိပက္ခဖြစ်ပွားတဲ့   ဒေသတွေမှာ စစ်ဘေးရှောင်စခန်းတွေထဲမှာ ရောက်နေတဲ့ ပြည်သူတွေက ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေပဲ သဘောက အဲဒီတော့ ဒီနိုင်ငံသားတွေကလည်းပဲ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရဖို့ လိုအပ်တယ်။ အဲတော့ ဒီကိစ္စက ပြည်ထောင်စုလွှတ်တော်မှာလည်း တာဝန်ရှိတယ် နောက်ပြီးတော့ အစိုးရမှာလည်း တာဝန်ရှိတယ်။

 အဲတော့ ကျွန်တော်တို့က အရင်တုန်းကရှိခဲ့တဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဒီ စစ်ဘေးရှောင်စခန်းတွေမှာရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ စားဝတ်နေရေး ဒီကိစ္စတွေကို ကျွန်တော်တို့တွေ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ချက်က ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတကာက လှူချင်ပါတယ်ဆိုတာကို ကျွန်တေ်ာတို့က ပိတ်ပင်ဖို့ မသင့်ဘူးလို့ ကျွန်တော်မြင်တယ်။ ဒီလိုပိတ်ပင်တာဟာ အကြောင်းအကျိုး မစီလျော်ဘူးလို့ ကျွန်တော်ထင်တယ်။

ဥပမာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အခြား နိုင်ငံတကာမှာလည်း သိသာတဲ့ အဖွဲ့အစည်းပေါ့ ဥပမာ ICRC လို အဖွဲ့အစည်းမျိုး ဒီအဖွဲ့အစည်းမျိုးဟာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီလိုမျိုး အဖွဲ့အစည်းမျိုးဟာ လွတ်လွတ်လပ်လပ်နဲ့ သွားလာပြီးတော့ အချက်အလက်တွေ ရယူခွင့်ရှိတယ်။ လူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့လိုအပ်တာတွေကို လေ့လာတာမျိုးတွေ လုပ်လို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဘာဖြစ်လို့ ဒီ ပဋိပက္ခဖြစ်တဲ့ ဒေသတွေကို ICRC လိုအဖွဲ့မျိုး ဘာဖြစ်လို့ သွားခွင့်မပြုနိုင်ရတာလဲ။ နောက်ပြီးတော့ အဲဒီ စစ်ဘေးရှောင်စခန်းမှာ ရောက်နေတဲ့   ပြည်သူတွေက  ကျွန်တေ်ာတို့နိုင်ငံသားတွေပဲ ဒီနိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေး သူတို့ရဲ့ စားဝတ်နေရေးတွေကို ဘာဖြစ်လို့ ကျွန်တော်တို့အစိုးရ ကျွန်တော်တို့ လွှတ်တော်တွေက မသိချင်ယောင် ဆောင်နေရတာလည်း ဒါကတော့ အကြောင်းအကျိုး ဆီလျော်မှု မရှိဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။

အပိုင်း (၁ )ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည် http://www.mizzimaburmese.com/article/22157

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly