နာမည်ကျော် ဂီတကြယ်ပွင့် Blake Shelton နှင့် Miranda Lambert တို့ ကွာရှင်းပြတ်စဲ

နာမည်ကျော် ဂီတကြယ်ပွင့် Blake Shelton နှင့် Miranda Lambert တို့ ကွာရှင်းပြတ်စဲ

နာမည်ကျော် ကန်းထရီး ဂီတကြယ်ပွင့်များ ဖြစ်ကြသည့် Blake Shelton နှင့် Miranda Lambert တို့ ကွာရှင်းပြတ်စဲကြ ပြီဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက သတင်းထုတ်ပြန်ခဲ့သည်။ လက်ထပ်အပြီး လေးနှစ်အကြာတွင် အဆိုတော် နှစ်ဦး ကွာရှင်းပြတ်စဲ ကြခြင်းဖြစ်သည်။

“ဒါဟာ ကျွန်တော်ကျွန်မတို့ မျှော်လင့်ထားခဲ့ကြတဲ့ အရာ မဟုတ်ပါဘူး။ တစ်ကွဲစီ ရှေ့ဆက်ကြ ရမယ့်အတွက်လည်း နှလုံး သားတွေလေးလံနေကြပါတယ်” ဟု ၎င်းတို့နှစ်ဦး၏ ကိုယ်စားလှယ်များ ကအေပီသတင်းဌာန ကိုပေးပို့ခဲ့သောကြေညာချက် ထဲတွင် ဖော်ပြပါရှိသည်။

“ကျွန်တော်၊ ကျွန်မတု့ိဟာ စစ်မှန်တဲ့ ဘဝတွေ၊ စစ်မှန်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိကြတဲ့ ခံစားချက်နဲ့ လူသားတွေပါ။ ဒါကြောင့်မို့ ကျွန်တော်၊ ကျွန်မတို့ရဲ့ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စအပေါ် အနှောင့်အယှက်မပေးဖို့နဲ့ စာနာနားလည်ပေးဖို့ ကျွန်တော်၊ ကျွန်မတု့ိ အနူးအညွတ် တောင်းဆိုချင်ပါတယ်” ဟုလည်း ကြေညာချက်ထဲတွင် ဆိုထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required