မန်ယူနဲ့ အဲဗာတန်တို့ ရှနိုက်ဒါလင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနဲ့ သဘောတူ

မန်ယူနဲ့ အဲဗာတန်တို့ ရှနိုက်ဒါလင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနဲ့ သဘောတူ

အဲဗာတန်ဟာ မန်ယူကွင်းလယ်ကစားသမား ရှနိုက်ဒါလင်ကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူ စာချုပ်နိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Sky Sports က ဖော်ပြထားပါတယ်။

ရှနိုက်ဒါလင်ဟာ ဒီအပတ်ထဲ ဆေးစစ်ခံယူဖို့ မျှော်လင့်ရပြီး သူ့ရဲ့ နည်းပြဟောင်း ကိုးမန်းနဲ့ ပြန်လည် လက်တွဲခွင့်ရတော့မှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် နွေရာသီတုန်းက နည်းပြဗန်ဟားက ပေါင် ၂၄ သန်း ပြင်သစ်လက်ရွေးစင်ကစားသမားကို မန်ယူဆီ ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရှနိုက်ဒါလင်ဟာ နည်းပြ မော်ရင်ဟိုလက်အောက်မှာတော့ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ကစားခဲ့သူဖြစ်ပါတယ်။

ရှနိုက်ဒါလင်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ မန်ယူအနေနဲ့ အပိုဆုကြေး အပါအဝင် ပေါင် ၂၄ သန်းထိ ရရှိနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။

နည်းပြ ကိုးမန်းအနေနဲ့ အခြားမန်ယူကစားသမား တစ်ဦးဖြစ်တဲ့ ဒီဘိုင်းကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required